ဧရာဝတီဘဏ်ကို အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန် စီစဉ်နေ

0
469

ဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲရန်စီစဉ်နေကြောင်း မြန် မာနိုင်ငံ‌တော်ပြန်တမ်း၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံ ကုမ္ပဏီ ဥပဒေပုဒ်မ ၅၈(ခ) အရ ယင်းသို့ စီ စဉ်နေခြင်းဖြစ်ကြောင်း နိုဝင်ဘာ (၁၈) ရက်က ‌ထုတ်ပြန်သည့် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် ကြေညာခဲ့ခြင်းဖြ စ်သည်။

မြန်မာနိုင်ငံ ပြန်တမ်း၏ ထုတ်ပြန်ကြေညာချက်အရ ဧရာ ဝတီဘဏ်လီမိတက်သည် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှ အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီအဖြ စ်သို့ အမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အ ချက်အလက်များကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာ ရှိထံ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ၏ တင်ပြလျှောက်ထားချက်ကို မှတ်ပုံတင်အရာ ရှိမှ ကျေနပ်လက်ခံပြီး တရားရုံးမှ အမိန့်တစ်ရပ်ရပ်ဖြင့် တားမြစ်ခြင်း မရှိပါက ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ကုမ္ပဏီအမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာအသေးစိတ်အချက်အလက်များကို ပြောင်းလဲပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here