ဟာဝိုင်အီရှိ Mauna Loa နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲ

0
275

ကမ္ဘာ့အကြီးဆုံး မီးတောင်ဖြစ်သည့် ဟာဝိုင်အီရှိ Mauna Loa သည် နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့သည်။

ချော်ရည်များ စီးဆင်းမှု အများစုသည် တောင်ထိပ်ပိုင်းတွင်ပင် ရှိနေသေးသော်လည်း ဒေသခံများကို သတိပေးချက် ထုတ်ပြန်ထားပြီး ပြာများ ကျဆင်းနိုင်သည့် အန္တရာယ်ကိုလည်း အစောပိုင်းကတည်းကပင် အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ပေါက်ကွဲမှုအခြေအနေမှာ လျင်မြန်စွာ ပြောင်းလဲသွားနိုင်ကြောင်း အမေရိကန် ဘူမိဗေဒဌာန (USGS) က ဆိုထားသည်။

မီးတောင်ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဒေသခံများအား “လမ်းညွှန်ချက်” မှ “သတိပေးချက်” သို့ အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။ အမြင့်ဆုံး သတိပေးချက်အမျိုးအစားဖြစ်သည်။

ဒေသခံများအား ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားခြင်း မရှိသေးသလို၊ လက်ရှိပေါက်ကွဲမှုအခြေအနေတွင် လူနေထူထပ်သည့် နေရာများ၌့ထိခိုက်မှု မရှိသေးကြောင်း အရေးပေါ်ကိစ္စရပ်များဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီအမျိုးသားဥယျာဉ်နယ်နိမိတ်အတွင်း တည်ရှိသော Mauna Loa မီးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၃၆၇၉ပေ (၄၁၆၉ မီတာ) မြင့်ပြီး ယင်းမီးတောင်၏ နယ်နိမိတ်ဧရိယာမှာ ၂၀၀၀ စတုရန်းမိုင် (၅၁၇၉စတုရန်းကီလိုမီတာ) ကျော် ကျယ်ဝန်းသည်။

Ref: Mauna Loa: World’s largest active volcano erupts in Hawaii(BBC)


LEAVE A REPLY

Please enter your comment!
Please enter your name here