ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားချင်း အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့၍ အမျိုးသမီးကဓားဖြင့်ထိုးခဲ့

0
319

ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့တွင် မြန်မာနိုင်ငံသား ချင်း အဓမ္မပြုကျင့်ရန်ကြံစည်သဖြင့် အမျိုးသမီးက ဓားဖြင့်ထိုးခဲ့မှု နိုဝင်ဘာ ၂၇ ရက်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်ကောက်မြို့ဘန်ဘောင်ဈေး၊ထနွန်အေကချိုင်လမ်းတွင်နေထိုင်သည့် မြန်မာနိုင်ငံသူသည် ယင်းနေ့က ဟင်းချက်ရန် ရေခဲသေတ္တာအတွင်းထည့်ထားသည့် အသားများကိုယူနေစဥ် မြန်မာနိုင်ငံသားက အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် အမျိုးသမီးမှဟင်းချက်ရာတွင်အသုံး ပြုသည့်ဓားဖြင့်ထိုးခဲ့သဖြင့် အမျိုးသား၏ ဗိုက်နှင့်လက်မောင်းတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဓားဖြင့်ထိုးခံရသည့် မြန်မာနိုင်ငံသားမှ မြန်မာနိုင် ငံသူအား လူသတ်ရန်ကြံစည်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့သို့တိုင်ကြားခဲ့ရာ တာဝန်ရှိသူများ၏စစ်ဆေးချက်အရ ခုခံကာကွယ်ခြင်းဖြစ်သည်ကို ဖော် ထုတ်သိရှိခဲ့ရ၍ အမှုဖွင့်လှစ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသူမှ အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြင့် မြန်မာနိုင်ငံသားအား အမှုဖွင့်ထားကာ ပြစ် မှုကျူးလွန်ရန်ကြံစည်သူမှာ ထိခိုက်ဒဏ်ရာများအား ဆေးရုံ၌တက်ရောက်၍ဆေးကုသမှုခံယူနေလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here