MSME လုပ်ငန်းများတွင် ဝန်ဆောင်မှုလုပ်ငန်းလည်းပါဝင်သဖြင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကို အားပေးဆောင်ရွက်မည်

0
326

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၈ ရက်(ယနေ့)နံနက်ပိုင်းက မကွေးတိုင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအားတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းအတွင်း အထင်ကရနေရာများနှင့် တန်ခိုးကြီးစေတီပုထိုးများ များစွာရှိ၍ တစ်နိုင်ငံလုံးမှ ဘုရားဖူးများလာရောက်ကြသဖြင့် မိမိတို့ဒေသသို့လာရောက်သူများ စိတ်ချမ်းမြေ့မှုရှိစေရေးအတွက် မြို့ရွာများသန့်ရှင်းသာယာလှပစေရန် ဝိုင်းဝန်းဆောင်ရွက်ရမည်ဟု တိုက်တွန်းခဲ့သည်။

“အဲဒါမှသာ ခရီးသွားတွေလာရောက်မှု ပိုများလာပြီး ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဒေသတွင်းတည်ရှိသည့် ဘုရားကျောင်း ကန်များအား အများပြည်သူများ လာရောက်ဖူး မြော်ကြည်ညိုချိန်တွင် စိတ်ကြည်နူးချမ်းမြေ့စွာဖူးမြော်နိုင်ရန် ပြုပြင်ထိန်းသိမ်းခြင်းနှင့်သန့်ရှင်းသာယာစေရေးအတွက် ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

MSME လုပ်ငန်းများတွင် ဝန်ဆောင်မှုလုပ်ငန်းလည်းပါဝင်သဖြင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကို အားပေးဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

“MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အ တွက် ထိုက်သင့်တဲ့အတိုးနှုန်းနဲ့ ချေးငွေတွေထုတ်ချေးပေးနေပါတယ် နိုင်ငံတော်ချေးငွေတွေရှိသသို့ ပုဂ္ဂလိကချေးငွေတွေလည်းရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ယင်း ချေးငွေများအား သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရန်လိုကာ နိုင်ငံတော်အနေဖြင့် ချေးငွေများထပ်မံထုတ်ချေးပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

နစက မှနိုင်ငံအတွင်းသို့ ပြည်တွင်း/ပြည်ပခရီး သွားများ လာရောက်လည်ပတ်ရန် ကြိုးပမ်းဆောက်ရွက်လျက်ရှိကာ ရုရှားနိုင်ငံနှင့်တရုတ်နိုင် ငံတို့မှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရန်လည်း လိုအပ်သည့်ကြိုတင်ပြင် ဆင်မှုများဆောင်ရွက်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here