နွားအုပ်ကိုတိမ်းရှောင်ရာမှ အုတ်သယ်ကားတိမ်းမှောက်၍ ၂ ဦးသေဆုံးခဲ့မှု ပြင်ဦးလွင်မြို့နယ်တွင်ဖြစ်ပွား

0
209

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊ကျိုင်းထောင်းကျေးရွာနှင့်သင်္ဂတုံကျေးရွာကြားတွင် နိုဝင်ဘာ ၂၈ ရက်(ယနေ့)နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက်ပိုင်းက အုတ်များတင်ဆောင်မောင်းနှင်လာသည့် Faw ကားသည် ကျိုင်းထောင်းကျေး ရွာနှင့်သင်္ဂတုံကျေးရွာတွင် နွားအုပ်အားတိမ်း ရှောင်ရာ အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဥ်ကြောင့် အုတ်သယ်ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးနှင့်နွားကျောင်းသူတို့မှာ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် အုတ်သယ်ကားပေါ်တွင် လိုက်ပါလာသူ ၃ ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နွား ၂ ကောင်လည်း သေဆုံးခဲ့သည်ဟု သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း၏ လူနာတင်ကားဖြင့် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here