ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊သက်ထင်ကျေးရွာတွင် နိုဝင်ဘာ ၂၆ ရက်ညနေပိုင်းက မိ သားစုဝင် ၆ ဦးအစာအဆိပ်သင့်၍ တိုင်နယ်ဆေး ရုံနှင့်ကျောက်တော်မြို့ပြည်သူ့ဆေးရုံတို့၌ ဆေး ကုသမှုခံယူနေကြစဥ် သေဆုံးသွားခဲ့ကြောင်း မိ သားစုဝင်တစ်ဦးထံမှ သိရသည်။
ယင်းနေ့ညနေပိုင်းက သက်ထင်ကျေးရွာနေ မိ သားစုဝင် ၆ ဦးသည် ထမင်းနှင့်ကျောက်တော်စျေးမှဝယ်လာသည့် ပြောင်းဖူးစားပြီးနောက် ည ၂ နာရီခန့်တွင် မိသားစုလိုက်အော့အန်မှုဖြစ်ပွားခဲ့သည်။
ထို့ကြောင့် လူမှုကူညီရေးအသင်းများက မိသားစုဝင် ၆ ဦးလုံးအား တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ဆေးကုသမှုခံယူနေစဥ် မစိုးသန်း (၂၇)နှစ်သေဆုံးသွားခဲ့သည်။
“တိုက်နယ်ဆေးရုံက ၆ ယောက်လုံးကိုသေချာကုပေးတယ် ဒါပေမယ့် အခြေအနေကသိပ်အဆင်မပြေသေးတော့ ကျောက်တော်ဆေးရုံကိုထပ်ပို့ပေးတယ် ဆေးရုံရောက်ခါစမှာပဲ ဒေါ်ခိုင်သန်းနု(၄၅) နှစ် သေဆုံးသွားပါတယ် ဆေးကုနေရင်းနဲ့ နောက် ထပ် မစန္ဒာဝင်းထပ်ပြီးသေဆုံးခဲ့ပါတယ်”ဟု မိ သားစုဝင်တစ်ဦးကပြောသည်။
ထို့ပြင် ဆေးကုသမှုခံယူနေစဥ်တွင် အသက်(၁၃) နှစ်အရွယ်ရှိ မောင်ကျော်ငြိမ်းထွန်း ထပ်မံသေဆုံးခဲ့ပြီးနောက် နိုဝင်ဘာ ၂၇ ရက်ည ၁ နာရီကျော်ခန့်တွင် အသက်(၆၈)နှစ်အရွယ်ရှိ ၎င်းတို့၏အဘွားဖြစ်သူနှင့် နိုဝင်ဘာ ၂၈ ရက်နံနက် ၆ နာရီ ၅၀ မိ နစ်တွင်လည်း ဦးသောကြာအောင်(၅၄)နှစ်တို့ထပ် မံသေဆုံးသွားခဲ့သည်။
“ပထမဆုံးတိုက်နယ်ဆေးရုံမှာ သေဆုံးသွားတဲ့ သ မီးကိုတော့ သဂြိုလ်ပြီးပြီ ကျောက်တော်ဆေးရုံမှာသေဆုံးတဲ့သူတွေက အခု ရင်ခွဲရုံမှာ ဆရာဝန်တွေက ရင်ခွဲစစ်ဆေးနေပါတယ် ဘာ့ကြောင့် ဖြစ်သွားတယ်ဆိုတာကိုသေချာစစ်ဆေးနေကြတယ် နောက်ပြီး အိမ်ကခွေးလည်း သေသွားတယ်”ဟု မိသားစုဝင်တစ်ဦးကပြောသည်။
သေဆုံးသူများအား ဆရာဝန်များ၏ ရင်ခွဲစစ် ဆေးမှုများပြီးဆုံးချိန်တွင် ကျောက်တော်သုဿန်၌ သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။


