ရခိုင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲဖို့ မြန်မာ့တပ်မ​တော်နှင့် ရခိုင်တပ်(AA)လို့ သဘောတူညီမှုရပြီဖြစ်၍ လမ်းများမကြာခင် ဖွင့်မည်ဟု​မျှော်လင့်​နေ

0
192

ရခိုင်ပြည်အတွင်းတွင် တပ်မတော်နှင့်ရခိုင်လက်နက် ကိုင်အဖွဲ့(AA)တို့ကြား အပစ်အခတ်ရပ်စဲရန်အတွက် သဘောတူညီမှုရရှိခဲ့​ကြောင်းသိရသည်။

အပစ်အခတ်ရပ်စဲရန် တပ်မတော်နှင့် ရခိုင်လက်နက်အဖွဲ့တို့အကြား နိုဝင်ဘာ ၂၆ရက်က သဘောတူညီမှုရရှိခဲ့ပြီး ၂၄နာရီအတွင်းအပစ်အခတ်ရပ်စဲသွားမည်ဟု သိရသည်။

အခုလို အပစ်အခတ်ရပ်စဲတာဟာ ဒေသခံပြည်သူတွေအနေနဲ့ အခက်အခဲဖြစ်နေတဲ့ စားနပ် ရိက္ခာ၊ဆေးဝါးအပြင် စပါးရိတ်သိမ်းတဲ့ရာသီရောက်ရှိလာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ရခိုင်လက်နက်ကိုင်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က မီဒီယာအချို့တွင် ​ပြောဆိုထားခြင်းရှိသည်။

“ဘာပဲဖြစ်ဖြစ်အခုလို အပစ်အခတ်ရပ်စဲတဲ့အတွက် ဝမ်းသာရတာပေါ့။ပြည်သူတွေအနေနဲ့ကလည်း တကယ်ကို အခက်အခဲဖြစ်နေတဲ့အချိန်မှာ နှစ်ဖက်တပ်က သဘောတူညီမှုရရှိထားတယ်ဆိုတော့ ကျွန်တော်တို့လည်း သွားရေး၊လာရေးကအစ အရင်လိုရဲရဲတင်းတင်းသွားလာ လုပ်စားလို့ရတာပေါ့”ဟု စစ်တွေမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင်လက်နက် ကိုင်အဖွဲ့တို့ကြား တစ်ကျော့ပြန် စစ်ရေးတင်းမာခဲ့တဲ့အခြေအနေကြောင့် အခြေခံစားသောက်ကုန်များအပြင် ဆေးဝါးများလည်း စျေးနှုန်းမြင့်တက်လာခဲ့ပြီး ဒေသခံပြည်သူများလည်း အခက်အခဲဖြစ်လာခဲ့သည်။

ဒေသခံတွေပြောဆိုမှုအရ နှစ်ဖက်တပ်များက ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လပိုင်းက စတင်ကာ ကုန်းလမ်း၊ရေလမ်း ပိတ်ဆို့ခဲ့တာကြောင့် အခြေခံစားသောက်ကုန်တွေဟာ နှစ်ဆနီးပါးမြင့်တက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ပြီးခဲ့တဲ့ ၅ရက်လောက်ထဲက တိုက်ပွဲကငြိမ်​နေတာ မ​နေ့က​တော့ တပ်မ​တော်ဖက်က အပစ်ရပ်​ကြောင်း သတင်းထွက်​လာသလို AA ဖက်ကလည်း ဟုတ်​​ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီ​နေ့က တနင်္ဂ​နွေဆို​တော့ နက်ဖန်​မှပဲ အစည်း​ဝေး​တွေ လုပ်ကြမယ်ကြားပါတယ်။အဲ့ကျမှ လမ်း​တွေဖွင့်ဖို့ ပြန်လုပ်ကြမယ်ထင်တယ်။ခုချိန်ထိ​တော့ နယ်စပ်ကုန်သွယ်​ရေးလည်း ရပ်တန့်​နေဆဲပါပဲ”ဟု ရခိုင်လုပ်ငန်းရှင်တစ်ဦးက ​ပေါ်ပြူလာနယူးစ်သို့ ​​ဖြေကြားထားသည်။

နိုဝင်ဘာ ၁၈ရက်နေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာတွင် EAO များမှ ထောင်ဒဏ်ကျခံနေရသူ ၄၁ဦးအား လွှတ်ပေးခဲ့ရာAA လက်နက်ကိုင်အဖွဲ့ဝင် ၁၇ ဦး၊ KlA လက်နက်ကိုင်အဖွဲ့ဝင် ၁၇ ဦး၊ RCSS/SSA လက်နက်ကိုင်အဖွဲ့ဝင် ၅ ဦးနှင့် KNU/KNLA လက်နက်ကိုင်အဖွဲ့ဝင် ၂ ဦးတို့ပါဝင်ခဲ့သည်။

ပုံစာ-နစက မှ အမိန့်အ မှတ်(၇၅/၂၀၂၂)ဖြင့်အကျဥ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များကိုလည်း အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုခြင်း၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးကိုရှေးရှု၍ ပြစ်ဒဏ်များမှလွတ် ငြိမ်းခွင့်ပြုခဲ့သည့်အမိန့်စာ


LEAVE A REPLY

Please enter your comment!
Please enter your name here