မသန်စွမ်းအာကာသယာဉ်မှူးတစ်ဦးကို ဥရောပအာကာသအေဂျင်စီက အာကာသထဲစေလွှတ်မည်

0
187

ကမ္ဘာတွင် ပထမဆုံးသော မသန်စွမ်းအာကာသယာဉ်မှူးတစ်ဦးကို ဥရောပ အာကာသအေဂျင်စီက ပထမဆုံးရွေးချယ်လိုက်ပြီး လာမည့် အာကာသခရီးစဉ်တစ်ခုတွင် သူ့အား ထည့်သွင်းစေလွှတ်မည်ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ်တွင် ညာဖက်ခြေထောက်ဆုံးရှုံးခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် မသန်စွမ်းအိုလံပစ်တွင် မီတာ ၁၀၀ ပြေးပွဲ၌ ကြေးတံဆိပ်ရရှိခဲ့သော အသက် ၄၁ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဂျွန်မက်ဖောလ်ကို ထိုသို့ရွေးချယ်လိုက်ခြင်းဖြစ်သည်။

“ဥရောပ အာကာသအေဂျင်စီဟာ ရုပ်ပိုင်းဆိုင်ရာမသန်စွမ်း အာကာသယာဉ်မှူးတစ်ဦးကို အာကာသထဲစေလွှတ်မယ်လို့ ကတိပေးပြီးသားပါ။ ဒါဟာ သမိုင်းမှာ တကယ့်အလှည့်အပြောင်း မှတ်ကျောက်တစ်ခုဖြစ်ပြီး၊ လူသားအားလုံးအတွက် တကယ့်ကို အမှန်တကယ် အားရှိစေတဲ့ မက်ဆေ့တစ်ခုကို ပေးလိုက်တာပါပဲ”ဟု ဂျွန်မက်ဖောလ်ကပြောသည်။

Ref: John McFall, Paralympic medalist, becomes first parastronaut in Europe


LEAVE A REPLY

Please enter your comment!
Please enter your name here