ကေပေါ့ ယောကျ်ားလေးအဖွဲ့ဖြစ်သည့် EXO ၏ အဖွဲ့ဝင်ဟောင်းဖြစ်သူ ခရစ်ဝူကို ပေကျင်းတရားရုံးက မုဒိန်းမှုအပါအဝင် ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း အပြစ်တွေ့ရှိခဲ့သဖြင့် နိုဝင်ဘာလ ၂၅ ရက် သောကြာနေ့တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ ဝူရိဖန် ခေါ် ခရစ်ဝူသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း အမျိုးသမီး သုံးဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ပေကျင်းတရားရုံးက ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံရန်အတွက် လူစုဝေးခဲ့ရာတွင်လည်း ပါဝင်ခဲ့ကြောင်း တရားရုံး၏ တရားဝင် ဝီချက် အကောင့်တွင် ရေးသားထားသည်။
ခရစ်ဝူသည် ထောင်ဒဏ် ၁၃ နှစ် ကျခံရမည့်အပြင် ပြစ်ဒဏ်ကျခံပြီးပါက ပြည်နှင်ဒဏ်ပါ ချမှတ်ခံရမည် ဖြစ်ကြောင်း သိရသည်။
အသက် ၁၈ နှစ်အရွယ် တရုတ်ကျောင်းသူတစ်ဦးက ဝူသည် သူနှင့် အခြားမိန်းကလေးများကို လိင်ဆက်ဆံရန် သွေးဆောင်ခဲ့သည်ဟု လူသိရှင်ကြား စွပ်စွဲခဲ့ပြီးနောက် ဝူသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ပေကျင်းမြို့တွင် ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။
Source: Reuters
