ကမ္ဘာတစ်ဝန်းတွင် ဝက်သက်ရောဂါ ပျံ့ပွားတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း WHO နှင့် CDC က သတိပေး

0
105

ပြီးခဲ့သည့်နှစ်များအတွင်း တစ်ကမ္ဘာလုံးက ကိုဗစ်-၁၉ ကပ်ရောဂါကိုသာ အာရုံစိုက် ကုသလာသောကြောင့် ဝက်သက် ကာကွယ်ဆေးထိုးနှံသူ အရေအတွက်မှာ ဆက်တိုက်ဆိုသလို ကျဆင်းလာပြီး ရောဂါစောင့်ကြည့်ရာတွင်လည်း အားနည်းလာခဲ့သည်။

ထို့ကြောင့် ယခုအခါ ကမ္ဘာတစ်ဝန်းရှိ ဒေသအသီးသီးတွင် ဝက်သက်ရောဂါ ဖြစ်ပွားတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အမေရိက ပြည်သူ့ ကျန်းမာရေး ဌာနက နိုဝင်ဘာလ ၂၃ ရက် ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။

ကိုဗစ်ကြောင့် ၂၀၂၁ ခုနှစ်တွင် ကလေး သန်း လေးဆယ် နီးပါး ဝက်သက်ရောဂါ ကာကွယ်ဆေး စံချိန်တင် မထိုးနှံ့နိုင်ခဲ့ကြောင်း WHO နှင့် အမေရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဗဟိုဌာန (CDC) တို့က ပူးတွဲအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝက်သက်ရာဂါသည် ကူးစက်ပျံ့နှံ့မှု အားအကောင်းဆုံး ဗိုင်းရပ်စ်များထဲမှ တစ်ခုဖြစ်ပြီး ကာကွယ်ဆေးထိုးနှံ့ခြင်းဖြင့် လုံးဝနီးပါး ကာကွယ်နိုင်သည်။ သို့ရာတွင် လူဦးရေ ၉၅ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးထားရန် လိုအပ်ပေသည်။

ဝက်သက်ရောဂါသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုးမလာသေးသော်လည်း ယခုအချိန်သည် ဂရုတစိုက်ဖြင့် အရေးယူဆောင်ရွက်ရမည့် အချိန်ဖြစ်ကြောင်း WHO ၏ ဝက်သက်ရောဂါဆိုင်ရာ အကြီးအကဲ ပတ်ထရစ် အိုကော်နာ က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here