ယူကရိန်းအတွက် အင်္ဂလန်က ရဟတ်ယာဉ်များကို ပထမဆုံးအကြိမ်ပေးပို့မည်

0
209

လန်ဒန်၊နိုဝင်ဘာ ၂၃

ရုရှား – ယူကရိန်းအရေးတွင် ယူကရိန်းအားကူညီသည့်အနေဖြင့် ဗြိတိန် ကရဟတ်ယာဉ်များကို ပထမဆုံးအကြိမ်အနေဖြင့် စေလွှတ်မည်ဖြစ်ကြောင်း လန်ဒန်ရှိကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၃ ရက်နေ့ကပြောကြားခဲ့သည်။

ယူကရိန်းမှလေယာဉ်အမှုထမ်းနှင့်အင်ဂျင်နီယာဆယ်ဦးတို့သည် ယူကေတွင်ခြောက်ပတ်ကြာလေ့ကျင့်ရေးအစီအစဉ်ကိုပြုလုပ်ခဲ့ကြသည်။ဗြိတိသျှတိုက်ခိုက်ရေးယာဉ်အမျိုးအစား ဖြစ်သည့် Sea King ရဟတ်ယာဉ်သုံးစင်းအပြင် နောက်ထပ်အမြောက်ကျည် ၁၀,၀၀၀ ကိုလည်းထောက်ပံ့ပေးမည်ဟုဆိုသည်။

ဗြိတိန်ဝန်ကြီးချုပ်သစ်မစ္စတာရီရှီဆူးနက်ခ်သည် အီရန်ကရုရှားအားထောက်ပံ့ပေးထားသည့် ဒရုန်းများကိုတန်ပြန်ရန်အတွက် လေယာဉ်ပစ်သေနတ် ၁၂၅ လက်နှင့် အခြားကိရိယာများပါဝင်သည့် ပေါင်သန်း ၅၀ ပမာဏ(ကန်ဒေါ်လာ ၅၉ သန်း)တန်ဖိုးရှိသည့် ကာကွယ်ရေးအကူညီကိုပေးအပ်မည်ဟု ၎င်း၏ယူကရိန်းခရီးစဉ်တွင်ပြောကြားခဲ့သည်။

ယခင်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည်လည်း ယူကရိန်း၏အဓိကမဟာမိတ်တစ်ဦးဖြစ်ပြီး ကိဗ်သို့သုံးကြိမ်တိုင်တိုင်သွားရောက်ကာ နိုင်ငံအတွက်စစ်ဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများ၊ရန်ပုံငွေနှင့် လေ့ကျင့်ရေးအရင်းအမြစ်များကိုလည်းဖြည့်ဆည်းပေးခဲ့ဖူးသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here