Kiev မြို့တွင် နေထိုင်သူ ၇၀ ရာခိုင်နှုန်းကျော် လျှပ်စစ်မီးမရသေးကြောင်း မြို့တော်ဝန်ပြောကြား

0
59

ယူကရိန်းနိုင်ငံ Kiev မြို့တော်တွင် နေထိုင်သူ ၇၀ ရာခိုင်နှုန်းကျော်သည် ကြာသပတေးနေ့နံနက်အထိ လျှပ်စစ်မီးမရရှိသေးဆဲဖြစ်ပြီး၊ မြို့တွင်းရေပေးဝေမှုတစ်စိတ်တစ်ပိုင်းမှာမူ ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း Kiev မြို့တော်ဝန် Vitaly Klitschko က ယနေ့တွင် ပြောကြားခဲ့သည်။

“ကြာသပတေးနေ့မနက်အထိတော့ Kiev မှာနေထိုင်သူ ၇၀ရာခိုင်နှုန်းကျော်ဟာ မီးမရသေးဘူး” ဟု မြို့တော်ဝန်၏ပြောကြားချက်ကို ကိုးကား၍ ယူကရိန်းမီဒီယာ Stranaက ဖော်ပြခဲ့သည်။

Klitschko ၏အဆိုအရ၊ မြို့တော်သို့လျှပ်စစ်ဓာတ်အားပြန်လည်ရရှိမှုသည်ယူကရိန်းနိုင်ငံတော်ဓာတ်အားလိုင်းစနစ်ပြန်လည်စတင်နိုင်ခြင်းအခြေအနေအပေါ် မူတည်သည်ဆို၏။

Odessa မြို့တွင်လည်း လျှပ်စစ်မီးပြဿနာများရှိနေဆဲဖြစ်သည်။ အထူးသဖြင့် လျှပ်စစ်ပို့ဆောင်ရေးစနစ်သည် လက်ရှိကာလ၌ မြို့တွင်းတွင် လည်ပတ်နိုင်တော့မည်မဟုတ်ပေ။ ဒေသဆိုင်ရာ အာဏာပိုင်များ၏ အစီရင်ခံစာအရ မြို့တော်၏ အရေးပါသော အခြေခံအဆောက်အဦများမှာမူ လည်ပတ်နေဆဲဖြစ်ကြောင်းသိရသည်။

မြို့တွင်းရေပေးဝေမှုမှာမူ ယခုအချိန်တွင် မြို့၏လက်ဝဲဘက်ခြမ်းအပိုင်း၌ ပြန်လည် လည်ပတ်နေပြီဖြစ်သည်။ ထိုအတောအတွင်း လက်ယာဖက်အခြမ်းတွင်မူ နေ့စဉ် နံနက်စောစောပိုင်းများတွင်သာ ရေရရှိနိုင်မည်ဖြစ်ကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။

Source: Kiev mayor reveals 70% of residents still without electricity


LEAVE A REPLY

Please enter your comment!
Please enter your name here