သံဖြူဇရပ်တွင် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး အရက်မူးပြီး MPT တာဝါတိုင်ပေါ်တက်သွားသည့်အတွက် ကူညီပေးခဲ့ရ

0
105

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး အရက်မူးပြီး MPT တာဝါတိုင်ပေါ်တက်သွားသည့်အတွက် ကူညီပေးခဲ့ရကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

အဆိုပါ လူငယ်သည် နို၀င်ဘာလ ၂၃ ရက် ည ၈ နာရီခွဲခန့်တွင် သံဖြူဇရပ်မြို့ ဖောင်စိန်ရပ်ကွက်ရှိ MPT တာဝါတိုင်ပေါ်သို့ အရက်မူးလွန်ကာ တက်ရောက်ခဲ့ပြီး ညှပ်နေသည့်အတွက် သံဖြူဇရပ်မြို့မီးသတ်ဖွဲ့နှင့်အတူ စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း တို့က သွားရောက် ကယ်ဆယ်ပေးခဲ့ရသည်။

ထို့နောက် ဆေးကုသမှုခံယူနိူင်ရန်အတွက် သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မိသားစုထံအပ်နှံခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here