မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေဖြစ်တဲ့ ဂျာမနီ နဲ့ ဂျပန်၊ မိုရိုကို နဲ့ ခရိုအေးရှားတို့
ပွဲစဉ်တွေမှာ နာမည်ကြီး ဂျာမနီကို ဂျပန်တို့ အနိုင်ရရှိခဲ့ပြီး ခရိုအေးရှားဟာ သရေကျခဲ့ပါတယ်။
ဂျပန်အသင်းဟာ ဥရောပနာမည်ကြီး အသင်းတစ်သင်းဖြစ်တဲ့ ဂျာမနီအသင်းကို ပင်နယ်တီကြောင့် ဦးဆောင်ဂိုးပေးခဲ့ရတာကြောင့် ပထမပိုင်း တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပေမယ့်လည်း
ဒုတိယပိုင်းမှာ ရတဲ့အခွင့်အရေးကို အကောင်းဆုံး အသုံးချခဲ့ပြီး ချေပဂိုးနဲ့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပွဲ အပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားမှာ ဒုတိယ ရခဲ့တဲ့ ခရိုအေးရှားကတော့ မိုရိုကို အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် သရေ ရလဒ်သာ ထွက်ပေါ်လာခဲ့ပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာဆိုရင် အာရှအသင်းတွေဟာ မထင်မှတ်ထားတာတွေကို လုပ်ပြနေနိုင်ပြီး ယမန်နေ့က ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ ဆော်ဒီအာရေဗျ ယှဉ်ပြိုင်ကစားရာမှာ ဆော်ဒီအာရေဗျ အသင်းက ၂ ဂိုး ၁ ဂိုး နဲ့ အာဂျင်တီးနားအသင်းကို အနိုင်ရရှိခဲ့ပါသေးတယ်။





