တရုတ်ပြည်ရှိ ကမ္ဘာ့အကြီးဆုံး အိုင်ဖုန်းထုတ်စက်ရုံ၌ ဆန္ဒပြမှုများ ဖြစ်ပွားနေ

0
298

တရုတ်နိုင်ငံ အလယ်ပိုင်း ကျန်းကျိုးမြို့ရှိ ဖော့စ်ကွန်၏ ကမ္ဘာ့အကြီးဆုံး အိုင်ဖုန်းထုတ်လုပ်‌ရေး စက်ရုံတွင် ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ကြောင်း ဝေဘိုနှင့် တွစ်တာပေါ်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများက ညွှန်ပြနေသည်။

ရာနှင့်ချီသော အလုပ်သမားများသည် နေ့ခင်းဘက်တွင် လမ်းမပေါ်၌ ဆန္ဒပြရန် ချီတက်နေပြီး အချို့မှာ အဓိကရုဏ်း နှိမ်နင်းရေးရဲများနှင့် ကာကွယ်ရေးဝတ်စုံ ဝတ်ထားသည့် ရဲများ၏ ဟန့်တားခြင်းကို ခံနေရကြောင်း ဗုဒ္ဓဟူးနေ့တွင် တက်လာသော ဗီဒီယိုများတွင် တွေ့ရသည်။

အချို့သော ဗီဒီယိုများတွင် အလုပ်သမားများသည် စက်ရုံက စီစဉ်ပေးသော အစားအစာများနှင့် ပတ်သက်၍ မကျေနပ်ကြောင်း တိုင်ကြားနေသော်လည်း အချို့မှာမူ ကတိပေးထားသည့် အပိုဆုကြေးများ မရရှိကြောင်း ပြောကြားနေသည်ကို ပြသထားသည်။

အလုပ်သမားများက “ငါတို့ရဲ့ အခွင့်အရေးကို ကာကွယ်ကြ၊ ငါတို့ရဲ့အခွင့်အရေးကို ကာကွယ်ကြ” ဟူ၍ ဟစ်ကျွေးကာ ရဲများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်ကို ပြသနေသော ဗီဒီယိုအား အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြထားသည်။

ထိုဗီဒီယိုများမှာ စစ်မှန်မှု ရှိ မရှိကိုမူ ရိုက်တာသတင်းဌာနက လတ်တလော အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။

အလုပ်သမား ၂ သိန်း ခန့်ရှိသော ကျန်းကျိုးစက်ရုံတစ်ဝိုက်တွင် အောက်တိုဘာ လကုန်ပိုင်း ခန့်က ကိုဗစ်ကူးစက်ခံရမှုများကြောင့် လော့ဒေါင်းများချမှတ်ခဲ့သဖြင့် အလုပ်သမားများ ထိတ်လန့်တကြားဖြစ်ကာ ထွက်ပြေးခဲ့ကြသည်။

ထို့နောက် ဖော့စ်ကွန်းက ထုတ်လုပ်ရေး ပြန်လည်စတင်နိုင်ရန်အတွက် တစ်နာရီ လခနှင့် အပိုဆုကြေးများကို တိုးမြင့်ပေးမည်ဟု ကတိပေးကာ အလုပ်သမားများအား စက်ရုံတွင်သာ ဆက်လက်နေထိုင်ကြရန်နှင့် အလုပ်သမားများ ပိုမိုစုဆောင်းပေးရန် နားချခဲ့သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here