တောင်တရုတ်ပင်လယ်နှင့်မြန်မာ့အရေးအတွက် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်ဖို့ကန်သမ္မတကတိပြု

0
281

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် တောင်တရုတ်ပင်လယ်နှင့် မြန်မာ့အရေးတို့ကဲ့သို့သော ဘုံပြဿနာများတွင်  အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) နှင့်အတူပူးပေါင်းဖြေရှင်းသွားရန် ကတိပြုခဲ့ကြောင်းသိရှိရသည်။

သမ္မတဘိုင်ဒင်သည် ၎င်း၏ငါးရက်ကြာ အာရှခရီးစဉ်ကိုစတင်ခဲ့ပြီး စနေနေ့ကကမ္ဘောဒီးယားသို့ရောက်ရှိလာခဲ့သည်။ယခုအာရှခရီးစဉ်၏ အဓိကအချက်မှာ တရုတ်သမ္မတရှီနှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်ဆွေးနွေးမှုပါဝင်ခြင်းပင်ဖြစ်သည်။

ထို့ပြင် ကန်သမ္မတ၏ယခုတစ်ကြိမ်ခရီးစဉ်၌ အမေရိက၏မဟာမိတ်များဖြစ်ကြသော ဂျပန်နှင့်‌တောင်ကိုရီးယားအပါအဝင် အာရှခေါင်းဆောင်များနှင့်လည်းတွေ့ဆုံခဲ့သည်။

ယင်းနောက် G – 20 အစည်းအဝေးပြင်ပ၌ တနင်္လာနေ့တွင် တရုတ်သမ္မတရှီနှင့်တွေ့ဆုံမှုမတိုင်ခင် တရုတ်ဝန်ကြီးချုပ်လီခါ့ချန်နှင့်လည်းတွေ့ဆုံခဲ့သေးသည်။

Source : Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here