ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးပြန်လည်လွတ်မြောက်လာသည့် မြန်မာအလုပ်သမား ၄၁ ဦးအား မြန်မာဘက်မှပြန်လည်လက်ခံ

0
189

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးပြန်လည်လွတ်မြောက်လာသည့်  မြန်မာအလုပ်သမား ၄၁ ဦးအား မြန်မာဘက်မှပြန်လည်လက်ခံ

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေရာမှ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီးနောက် ပြန် လည်လွတ်မြောက်လာသည့် မြန်မာအလုပ်သမား ၄၁ ဦးအား စက်တင်ဘာ ၂၆ ရက်(ယနေ့)နံနက်ပိုင်းက ပြန်လည်လက်ခံခဲ့ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၃၆ ဦး၊အမျိုးသမီး ၅ ဦး(စုစုပေါင်း ၄၁ ဦး)အား ထိုင်းနိုင်ငံတာဝန်ရှိသူများက ပြန် လည်လွှဲပြောင်းအပ်နှံပေးခဲ့ခြင်းဖြစ်သည်။

၎င်းအား တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးဇော်လင်းအောင်၊လဝက ဒု-ညွှန်ကြားရေးမှူးဦးဝင်းမြင့်အောင်၊မြို့နယ်အုပ်ချုပ်​ရေးမှူးဦးတင်ဦး​ကျော်တို့က တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်​ရေးတံတား အမှတ် (၂)တွင်ကြိုဆိုလက်ခံခဲ့ကြသည်။

ထို့နောက် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင် နှင့်ကျန်းမာရေးဝန်ထမ်းများက ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိ နှာ​ခေါင်းတို့ဖက်၊အာ​ခေါင်တို့ဖက်ယူ၍ စစ်​ဆေးခဲ့ကြပြီး ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီရေးဗဟိုဌာနမှလည်း တစ်ကိုယ်ရေသုံးပစ္စည်းများထောက်ပံ့ခဲ့ကြသည်။

အလားတူ ပြန်လည်ဝင်ရောက်လာသူများအား ဝမ်လုံး Quarantine Centre ၌ ၇ ရက်ကြာ စောင့်ကြည့်သွားမည်ဖြစ်ကာ ရက်ပြည့်၍ ကိုဗစ်(၁၉) ရောဂါရှိ၊မရှိ ပြန်လည်စစ်ဆေးပြီးပါက နေရပ်အ သီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here