မင်္ဂလာဒုံမြို့နယ်တွင် ကားနှစ်စီးတိုက်မိ၍ အမျိုး သား ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရ

0
174

မင်္ဂလာဒုံမြို့နယ်တွင် ကားနှစ်စီးတိုက်မိ၍ အမျိုး သား ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ဗဟိုနိုင်ငံရေးကား မှတ်တိုင်အနီးတွင် စက်တင် ဘာ ၂၅ ရက်ညပိုင်းက ကား ၂ စီးတိုက်မိ၍ အမျိုးသား ၂ ဦးသေဆုံးကာ ၇ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ သိရသည်။

ယင်းနေ့ည ၉ နာရီခွဲကျော်ခန့်က ဗဟိုနိုင်ငံရေးမှတ်တိုင်အနီးတွင် CRV ကားနှင့် SUZUKI R+ ကားတို့ တိုက်မိခဲ့ခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူများရှိနေကြောင်း သတင်းအရ လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးအား ဖြစ်စဥ်အား လာရောက်ကူညီသည့် လူမှုကူညီရေးအ သင်းကားများဖြင့် တပ်မတော်ဆေးရုံကုတင်- ၁၀၀၀ သို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေ ရာ၌သေဆုံးသွားသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်းများအား လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းနှင့်ကြယ်စင်မေတ္တာပရဟိတအသင်းတို့မှ နာရေးတင်ကားဖြင့် တပ်မတော်ဆေးရုံကုတင်-၁၀၀၀ ရှိရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

“လာပြီး ကူညီပေးတဲ့လူမှုကူညီရေးအသင်းကားတွေများတယ် ပထမ လူနာတွေကိုမေဓာဝီဆေးရုံပို့တယ် နောက်မှ တပ်မတော်ဆေးရုံကုတင်- ၁၀၀၀ ကိုထပ်ပို့ပေးတာပါ သေဆုံးသူ ၂ ယောက်ကိုလည်း အဲဒီကိုပဲပို့ပေးခဲ့ပါတယ်”ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ ကိုဇော်ကြီးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here