ရန်ကုန်-မန္တ‌လေးအမြန်လမ်းမကြီးတွင် ခရီးသည်တင်ကားဘာရီယာတုံးများတိုက်ပြီးတိမ်းမှောက်

0
147

ရန်ကုန်-မန္တ‌လေးအမြန်လမ်းမကြီးတွင် ခရီးသည်တင်ကားဘာရီယာတုံးများတိုက်ပြီးတိမ်းမှောက်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဗောဓိကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်တွင် စက် တင်ဘာ ၂၆ ရက်(ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက် ၅ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဗောဓိကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၁၅၁/၁ နှင့် ၁၅၂/၂ ကြားတွင် SCANIA ခရီးသည်တင်ကား သည် ဘီးပေါက်၍ လမ်းလယ်ရှိဘာရီယာတုံးများအားဝင်တိုက်မိပြီး တိမ်းမှောက်သွားခဲ့သည်။

ထို့ကြောင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ဗောဓိကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ကူညီခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် ယာဥ်နောက်လိုက်အမျိုးသားတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားအား အမြန်လမ်းအရေးပေါ်လူနာတင်ကားဖြင့် တောင် ငူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here