မိုင်းဖြတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူ ဝင်္ကဘာမီးထွန်း ပွဲတော် ပြန်လည်ကျင်းပမည်

0
31

မိုင်းဖြတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူ ဝင်္ကဘာမီးထွန်း ပွဲတော် ပြန်လည်ကျင်းပမည်

ရှမ်းပြည်နယ်၊မိုင်းဖြတ်မြို့၊စျေးတန်း(ကွက်သစ်) ရပ်ကွက်ရှိ စိတ္တသုခကျောင်းတိုက်အတွင်း၌ နှစ်ကျိပ်ရှစ်ဆူ ဝင်္ကဘာမီးထွန်းပွဲတော်အား ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝင်္ကဘာမီးထွန်းပွဲတော်အား ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိခဲ့၍ ယခုနှစ် အောက်တိုဘာ ၄ ရက်တွင် သတ္တမအကြိမ်မြောက်အဖြစ် ပြန်လည်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

“ဝင်္ကဘာမီးထွန်းပွဲတော်ကို ၂၀၁၄ ခုနှစ်ကစပြီးကျင်းပခဲ့တယ် ကိုဗစ်ရောဂါကြောင့် ၂ နှစ်မကျင်း ပဖြစ်ဘူး ဒီနှစ်မှာတော့ အောက်တိုဘာ ၄ ရက်ကစပြီး ၉ ရက်(သီတင်းကျွတ်လပြည့်)နေ့အထိ ၆ ရက်ကျင်းပသွားမယ်”ဟု စိတ္တသုခကျောင်းတိုက် ၏ ကျောင်းထိုင်ဆရာတော်ကမိန့်ကြားသည်။

ဝင်္ကဘာမီးထွန်းပွဲတော်အား ဘာသာရေးပွဲတော်၊မီးထွန်းပွဲတော်၊ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပခြင်းဖြစ်ကာ စတင်ကျင်းပစဥ်က ဘုရားဆင်းတုတော် (၂၅)ဆူဖြင့် ကျင်းပခဲ့ပြီး ယခုအချိန်တွင် ဘုရားဆင်းတုတော်(၂၈)ဆူဖြင့် နှစ်ကျိပ်ရှစ်ဆူ ဝင်္ကဘာမီးထွန်းပွဲတော်အဖြစ် စီစဉ်ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ဝင်္ကဘာမီးထွန်းပွဲတော်ကျင်းပဖို့ကို ကိုတင်ပြင် ဆင်ရတာက တစ်လနီးပါးလောက်ကြာတယ် ဆ ရာတော်ဦးဆောင်ပြီး အလှူရှင်တွေဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်တာပါ”ဟု စိတ္တသုခကျောင်းတိုက် ၏ ကျောင်းထိုင်ဆရာတော်ကမိန့်ကြားသည်။

ပွဲတော်ရက်များအတွင်း၌ မိုင်းဖြတ်မြို့နယ်အ တွင်းနေထိုင်သူများနှင့်ရပ်နီးရပ်ဝေးတွင် နေထိုင်သူများ လာရောက်လည်ပတ်၍ ဝင်္ကဘာအတွင်း နှစ်ဆယ့်ရှစ်ဆူ ဘုရားဆင်းတုတော်များအား ဖူးမျှော်ကြည်ညိုခြင်း၊ဆီမီးများထွန်းညှိပူဇော်ခြင်း၊ ကုသိုလ်ပြုဆုတောင်းခြင်းတို့ပြုလုပ်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here