နစက ဥက္ကဋ္ဌ၏ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးဆွေးနွေးရန် UWSA၊SSPP၊NDAA အဖွဲ့ များနေပြည်တော်သို့ရောက်ရှိ

0
197

နစက ဥက္ကဋ္ဌ၏ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးဆွေးနွေးရန် UWSA၊SSPP၊NDAA  အဖွဲ့ များနေပြည်တော်သို့ရောက်ရှိ

နစက ဥက္ကဋ္ဌ၏တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့်လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်ဖိတ်ခေါ်ချက်အရ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ စက်တင်ဘာ ၂၅ ရက်မွန်းလွဲပိုင်းနှင့်ညနေပိုင်းတို့က နေ ပြည်တော်သို့ အသီးသီးရောက်ရှိလာခဲ့ကြသည်။

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဒု- ဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင် ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့နှင့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါ တီ(UWSP)ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

NDAA အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက နေပြည် တော်လေဆိပ်၊ SSPP အဖွဲ့သည် မွန်းလွဲပိုင်းနှင့် UWSP အဖွဲ့သည် ညနေပိုင်းတွင် Horizon Lake View Resort သို့ရောက်ရှိလာခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့အား အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများ၊နေပြည်တော်ကောင်စီနှင့်ဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီးဌာန၊အနုပညာဦးစီးဌာနမှတိုင်းရင်းသား တိုင်းရင်းသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ပြည်သူများက ကြိုဆိုခဲ့ကြသည်။

“ထာဝရငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ငြိမ်း ချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊တိုင်းရင်းသားတွေ စည်း လုံးမှငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ”စာသားပါ ဆိုင်းဘုတ်များ၊နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here