Pfizer ကိုဗစ်ဆေးကုမ္ပဏီ CEO ဒုတိယအကြိမ်မြောက်ကိုဗစ်ပိုးတွေ့

0
85

Pfizer ကိုဗစ်ဆေးကုမ္ပဏီ CEO ဒုတိယအကြိမ်မြောက်ကိုဗစ်ပိုးတွေ့

ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်သည့် Pfizer ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Albert Bourla သည် စက်တင်ဘာ ၂၄ ရက် စနေနေ့က ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းပြောကြားခဲ့သည်။

“ကျွန်တော်နေကောင်းနေပြီး ရောဂါလက္ခဏာတွေ ကင်းစင်နေပါတယ်” ဟု Bourla က၎င်း၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။အသက် ၆၀ အရွယ်ရှိ Bourla သည် ဩဂုတ်လက ကိုဗစ်ရောဂါကိုစတင်စစ်ဆေးတွေ့ရှိခဲ့ပြီး Paxlovid အမည်ရှိ ကိုဗစ်ကုသရေးပိုးသတ်ဆေးကိုစတင်ထိုးနှံခဲ့သည်။

Paxlovid ဆေးသည် အသက်ကြီးသောလူနာများကဲ့သို့ အန္တရာယ်များသောလူနာများကိုကုသရန်အသုံးပြုသော ဗိုင်းရပ်စ်ပိုးသတ်ဆေးတစ်မျိုးဖြစ်သည်။ Bourla သည် Pfizer နှင့် ၎င်း၏ဂျာမန်မိတ်ဖက်ကုမ္ပဏီ BioNTech တို့က ထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေးများကို လေးခါထိုးနှံခဲ့ဖူးသည်။

အမှုဆောင်အရာရှိချုပ် Bourla သည် ၎င်းအနေဖြင့် bivalent booster ဆေးအသစ်ကိုမထိုးနှံရသေးကြောင်းလည်းပြောကြားခဲ့သည်။ Moderna၊Pfizer နှင့် BioNTech အဖွဲ့တို့က ပူးပေါင်းတီထွင်ထုတ်လုပ်ထားသည့် bivalent ဆေးများသည် အမေရိကန်ပြည်ထောင်စုတွင် နောက်ဆုံးပျံ့နှံ့လျက်ရှိသော BA.4 နှင့် BA.5 အိုမီခရွန်မျိုးကွဲများအတွက်ထုတ်လုပ်ထားခြင်းဖြစ်သည်။

CDC ၏လမ်းညွှန်ချက်များ အရ ဩဂုတ်လအလယ်လောက်က ကိုဗစ်ကူးစက်ခံထားရမှုကြောင့် သုံးလစောင့်ဆိုင်းနေရသဖြင့် Bivalent Booster ဆေးအသစ်ကို မထိုးရသေးကြောင်းမစ္စတာ Bourla ကပြောကြားခဲ့သည်။

ဩဂုတ်လက FDA သည် BA.4 နှင့် BA.5 အိုမီခရွန်မျိုးကွဲများအပေါ်ပစ်မှတ်ထား စွမ်းဆောင်ရည်မြှင့်တင်ထားသည့် Pfizer နှင့် Moderna တို့၏ booster ဆေးများကိုထိုးနှံခွင့်ပြုခဲ့သည်။ဖက်ဒရယ်ကျန်းမာရေးအေဂျင်စီတစ်ခုကမူ ယခုတစ်ပတ်တွင် bivalent ဟုခေါ်သော booster ထိုးဆေးများကိုပို့ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။Moderna ကာကွယ်ဆေးထုတ်လုပ်မှုတိုးမြင့်လာသဖြင့် အဆိုပါပို့ဆောင်မှုတွင် Pfizer – BioNTech မှထုတ်လုပ်သည့် ကာကွယ်ဆေးအများစုပါဝင်သည်ဟုဖော်ပြထားသည်။

Source -Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here