သထုံမြို့နယ်တွင် ကိုယ်ပိုင်ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရ

0
474

သထုံမြို့နယ်တွင် ကိုယ်ပိုင်ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊သထုံမြို့နယ်၊သုဝဏ္ဏဝတီမြို့၊နောင်ဘိုကျေးရွာရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်း တွင် စက်တင်ဘာ ၂၅ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးအသင်း နောင်ဘိုကျေးရွာ-သထုံမြို့မှ သိရသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က နောင်ဘိုကျေးရွာရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် သထုံမြို့ဘက်မှ အမျိုးသား ၂ ဦးမောင်းနှင်လာသည့် ဆိုင်ကယ်နှင့်ကျိုက်ကော်ဘက်မှ မောင်းနှင်လာသည့် ကိုယ်ပိုင်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်။

“ကားက ကျိုက်ကော်ဘက်ကနေလာတဲ့အချိန် ရှေ့ကကားတစ်စီးကိုကျော်တက်ရင်း ဒီဖက်လမ်းကမောင်းလာတဲ့ဆိုင်ကယ်ကိုမျက်နှာချင်းဆိုင်ဝင်တိုက်မိတာပါ သတင်းရရခြင်းကျွန်တော်တို့က မြေပြင်ကုသမှုတွေလုပ်ပေးပြီး ဆေးရုံကိုပို့ပေးပါတယ်”ဟု ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးအ သင်း နောင်ဘိုကျေးရွာ-သထုံမြို့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းလာသည့် နောင်ဘိုကျေးရွာ၊ပိတောက်ပင်ဘုရားဖြူပိုင်းနေ မောင်ဇင်မျိုး(၃၃)နှစ်နှင့်မောင်ကျော်ဇေယျာ(ခ) မောင်အပုတို့သည် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအား လူနာ တင်ကားများဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြပြီး စိုးရိမ်ရသည့် အခြေအနေကြောင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ထပ်မံပို့ ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“သထုံခရိုင်ပြည်သူ့ဆေးရုံကိုရောက်တော့ မောင်ကျော်ဇေယျာ ရထားတဲ့ဒဏ်ရာကပြင်းထန်တာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုထပ်လွှဲတယ် ဒါ့ကြောင့် အသင်းကကားနဲ့ချက်ခြင်းသွားပို့ရင်း ဒဏ်ရာကပြင်းတော့ ကားပေါ်မှာပဲဆုံးသွားပါတယ်”ဟု ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးအ သင်း နောင်ဘိုကျေးရွာ-သထုံမြို့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အလားတူ မောင်ဇင်မျိုးတွင်လည်း ဘယ်လက်ကျိုး၊ဘယ်ခြေထောက်ကျိုးနှင့်ထိခိုက်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် သထုံခရိုင်ပြည်သူ့ဆေး ရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here