မန္တလေး-လားရှိုး ဂုတ်တွင်းလမ်းတွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ သစ်ပင်အား၀င်တိုက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

0
320

မန္တလေး-လားရှိုး ဂုတ်တွင်းလမ်းတွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ သစ်ပင်အား၀င်တိုက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

မန္တလေး-လားရှိုး ဂုတ်တွင်းလမ်းတွင် ကုန်တင်ယာဉ်တစ်စီး ယနေ့ စက်တင်ဘာ ၂၅ ရက်တွင်ဘရိတ်ပေါက်၍ သစ်ပင်အား၀င်တိုက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၅ ရက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မန္တလေး-လားရှိုး ဂုတ်တွင်းလမ်း၊ မိုင်တိုင်အမှတ် (၈၁/၆) နှင့် (၈၁/၇) ကြားတွင် Canter  အမျိုးအစား ကုန်တင်ယာဉ်သည် ဘရိတ်ပေါက်၍ သစ်ပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့သည့်အတွက် နောင်ချိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

ထိုသို့ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂) ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) နှင့် ကျား(၁)ဦး (သေဆုံး) ခဲ့သည့်အတွက် ဖြူစင်မေတ္တာအသင်းမှ သူနာတင်ယာဉ်ဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here