တာချီလိတ်မြို့တွင် ဓားရှည်များကိုင်ထားသည့် အမျိုးသား ၃ ဦးက ဆိုင်ကယ်တစ်စီးအားလူအများရှေ့၌ပင်လုယက်ယူဆောင်သွား

0
246

တာချီလိတ်မြို့တွင် ဓားရှည်များကိုင်ထားသည့် အမျိုးသား ၃ ဦးက ဆိုင်ကယ်တစ်စီးအားလူအများရှေ့၌ပင်လုယက်ယူဆောင်သွား

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ဆန်ဆိုင်း(ခ)ရပ် ကွက်ရှိ ဂေါက်ကွင်းနှင့်ဝမ်မိုင်ကျေးရွာကြား၌ စက်တင်ဘာ ၂၅ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီခွဲခန့်က ဆိုင်ကယ်မောင်းကာ ဓားရှည်များကိုင်ဆောင်ထားသည့် အမည်မသိအမျိုးသား ၃ ဦးက ဂေါက်ကွင်းရှိရေကန်၌ ဆိုင်ကယ်များရပ်၍ ငါးမျှားနေသည့် လူငယ် ၃ ဦးအ နီးသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုသို့ ရောက်ရှိလာပြီးနောက် ကိုင်ဆောင်လာသည့် ဓားရှည်များအားဝှေ့ယမ်း၍ လူငယ် ၃ ဦးအား လိုက်ခုတ်ခဲ့ပြီးနောက် ဆိုင်ကယ်တစ်စီးအား လု ယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ လုယက်ယူဆောင်သွားခဲ့သော်လည်း လူ ငယ် ၃ ဦးမှပတ်ဝန်းကျင်အား အော်ဟစ်အကူအ ညီတောင်းခဲ့ကြသဖြင့် လူများရောက်ရှိလာခဲ့၍ ဆိုင်ကယ်အားထားကာ ၎င်းတို့မောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့်ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

“ဆိုင်ကယ်က ရီမုနဲ့နှိုးရတာဆိုတော့ သူတို့ကတွန်းယူသွားတယ် ကောင်လေး ၃ ယောက်က အော်ပြီးအကူအညီတောင်းတော့ လူတွေရောက်လာကြတယ် ဓားတွေကိုင်ထားတော့ အနားမကပ်ရဲကြဘူး သူတို့အနားမကပ်နိုင်အောင် ဓားတွေကိုဝှေ့ ယမ်းနေကြတာ လူတွေထပ်ရောက်လာတော့ ဆိုင်ကယ်ကိုထားပြီး ထွက်သွားကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုသို့ ဓားရှည်များဖြင့် ဝှေ့ယမ်းထိုးခုတ်မှုကြောင့် အခင်းဖြစ်နေရာအနီးရှိနေသူတစ်ဦးတွင် ဓားဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here