ပထမဆုံး အမျိုးသမီးအာကာသယာဉ်မှူးလိုက်ပါမည့် အာကာသယာဉ် ၂၀၂၃ တွင် ဆော်ဒီလွှတ်တင်မည်

0
504

ပထမဆုံး အမျိုးသမီးအာကာသယာဉ်မှူးလိုက်ပါမည့် အာကာသယာဉ် ၂၀၂၃ တွင် ဆော်ဒီလွှတ်တင်မည်

ဆော်ဒီအာရေဗျနိုင်ငံသည် အာကာသအစီအစဉ်သစ်တစ်ခုဖြစ်သော လူလိုက်ပါသည့် ဆော်ဒီအာရေဗျနိုင်ငံ၏ ကိုယ်ပိုင်အာကာသယာဉ်လွှတ်တင်ခြင်းအစီအစဉ်ကို အမျိုးသမီးအာကာသယာဉ်မှူးတစ်ဦးလိုက်ပါ၍ ၂၀၂၃ ခုနှစ်တွင် လွှတ်တင်ရန်စီစဉ်ထားကြေင်း ဆော်ဒီအာကာသအေဂျင်စီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အစီရင်ခံတင်ပြခဲ့သည်။

အစီအစဉ်အသေးစိပ်ကိုမူ အောက်တိုဘာလအတွင်းတွင် တရားဝင်ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း အေဂျင်စီကဆိုသည်။

ယင်းအစီအစဉ်တွင် အာရပ်စော်ဘွားများသမ္မတနိုင်ငံ(UAE)မှ ပြုလုပ်သည့် အင်္ဂါဂြိုဟ်သွား အာကာသယာဉ်တစ်စင်း လွှတ်တင်ရန်လည်း အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ်ပါရှိကြောင်းသိရသည်။

၂၀၂၃ ခုနှစ်တွင် လွှတ်တင်မည့် အာကာသယာဉ်တွင် လိုက်ပါမည့် အမျိုးသမီးအာကာသယာဉ်မှူး Nora al-Matrooshi မှာ ယခုအခါ လေ့ကျင့်ရေးများပြုလုပ်လျှက်ရှိသည်။

Ref: New Saudi space program will see female astronaut in orbit by 2023: Report


LEAVE A REPLY

Please enter your comment!
Please enter your name here