လောင်းလုံးမြို့နယ်တွင် အမျိုးသားတစ်ဦး လယ် ကွင်းထဲ၌သေနတ်ဖြင့်ပစ်သတ်ခံရ

0
50

လောင်းလုံးမြို့နယ်တွင် အမျိုးသားတစ်ဦး လယ် ကွင်းထဲ၌သေနတ်ဖြင့်ပစ်သတ်ခံရ

ပုံစာ-ယနေ့နံနက်ပိုင်းက လယ်ကွင်းအတွင်း၌ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည့် ကိုရဲထွေး။

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ပန္ဒလဲကျေး ရွာနေ ကိုရဲထွေး(၃၅)နှစ်ခန့်သည် စက်တင်ဘာ ၂၅ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ယနေ့နံနက် ၆ နာရီခွဲခန့်က အမည်မသိအမျိုးသားများက ပန္ဒလဲကျေးရွာနေ ကိုရဲထွေးအား လယ် ကွင်းအတွင်း၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

“သေနတ်သံတွေကြားပြီး ခနလောက်ကြာမှ သွားကြည့်တဲ့အချိန် ကိုရဲထွေးကို သေနတ်ဒဏ်ရာတွေနဲ့မှောက်ရက်သေနေတာတွေ့ရတာပဲ ဘာ့ကြောင့်ပစ်သွားတယ်ဆိုတာတော့မသိဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုရဲထွေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေ ရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သွားသူများအား ဖမ်းဆီးရမိရေးအတွက် ပန္ဒလဲကျေးရွာအတွင်းနှင့်အနီးပတ်ဝန်းကျင်၌ ပိတ် ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here