၂၀၃၆ ခုနှစ် အိုလံပစ်ဂိမ်းက်ုအိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အီဂျစ်လျှောက်ထားမည်

0
103

၂၀၃၆ ခုနှစ် အိုလံပစ်ဂိမ်းက်ုအိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အီဂျစ်လျှောက်ထားမည်

ကိုင်ရို၊စက်တင်ဘာ ၂၄

၂၀၃၆ ခုနှစ်၌ကျင်းပမည့် နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲကို အီဂျစ်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပရန် လျှောက်ထားမည်ဖြစ်ကြောင်းကို အီဂျစ်လူငယ်နှင့်အားကစားဝန်ကြီးက စက်တင်ဘာ ၂၄ ရက် စနေနေ့၌ပြောကြားခဲ့ပြီး ယင်း‌ေလျှာက်ထားမှုအထမြောက်အောင်မြင်ပါက အိုလံပစ်ပွဲကိုအိမ်ရှင်အဖြစ်ပထမဆုံးလက်ခံကျင်းပသည့် အာရပ် (သို့) အာဖရိကနိုင်ငံတစ်််နိုင်ငံ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်းဖော်ပြထားသည်။

အီဂျစ်သမ္မတ Abel Fattah AI – Sisiက  လျှောက်ထားရန် ခွင့်ပြုခဲ့ကြောင်းကို ဝန်ကြီး Ashraf Sobhi က နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဌ Thomas Bach နှင့် ကိုင်ရိုရှိဧည့်ခံပွဲ၌တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။

အီဂျစ်၏ အခြေခံအားကစားအဆောက်အဦသည် ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်သည်ဟူသော Bach ၏ထုတ်ပြန်ချက်ကိုကိုးကား၍ အီဂျစ်အစိုးရအဖွဲ့ကထုတ်ပြန်သည့်ကြေငြာချက်တွင် ဖော်ပြထားသည်။နွေရာသီအိုလံပစ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်တွင် ပါရီ ၌ကျင်းပမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် လော့စ်ဆန်း ဂျလိစ်နှင့် ၂၀၃၂ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ ဘရစ်ဘိန်းမြို့၌ကျင်းပမည်ဖြစ်သည်။

ဂျာမနီ၊မက္ကဆီကို၊တူကီယေး၊ရုရှား၊အိန္ဒိယနှင့်ကာတာနိုင်ငံ တို့ကလည်း အဆိုပါပွဲလက်ခံကျင်းပခွင့်နှင့်ပတ်သက်၍ စိတ်ဝင်စား ‌ေကြာင်း သတင်းများထွက်ပေါ်နေသော်လည်း ၂၀၃၆ ခုနှစ်အတွက် အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်လျှောက်ထားခြင်းလုပ်ငန်းစဉ်ကို စတင်ခြင်းမရှိသေးကြောင်းလည်းဖော်ပြထားသည်။

Source -Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here