တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄၀၀၀ နီး ပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

0
30

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄၀၀၀ နီး ပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊လွယ်စီတုံကျေးရွာအနီးနှင့်ဆေးခမ်းရပ်ကွက်တို့မှ စက်တင် ဘာ ၂၂ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၉ နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များသည် သတင်းအရ လွယ်စီတုံကျေးရွာအနီးတွင် ကျမော့(၂၂)နှစ်မောင်းကာ အားချဲန်(၂၁)နှစ်လိုက်လာသည့် FORD ကားအားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကားပေါ်မှ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water)အ လေးချိန်(၁၀၅၀ ဂရမ်)အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ ဆေခမ်းရပ်ကွက်ရှိ ၎င်းတို့နေထိုင်သည့် နေ အိမ်အားထပ်မံဝင်ရောက်ရှာဖွေစစ်ဆေးရာ နေ အိမ်အတွင်း၌ ကျာရှဲ(၂၁)နှစ်နှင့်ခနာ့ကွန်(ခ)ကွန် (၂၀)နှစ်တို့အား အား ကက်တမင်းအလေးချိန် (၅၀၀ ဂရမ်)၊အိုက်စ်(မက်သ်အဖက်တမင်း)အ လေးချိန်)၈၅၀ ဂရမ်)၊စိတ်ကြွဆေးပြား ၁၆၀၀၀ ပြား၊စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့်အမှုန့်(Happy Water)အလေးချိန် (၂ ဒသမ ၃၄၅ ကီလို)တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိမှု ၂ နေရာမှ မူးယစ်ဆေးဝါးများ၏ တန်ဖိုးသည် ငွေကျပ်သိန်း ၃၉၈၁ ဒသမ ၅ သိန်းရှိသည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် ဟောင်လိတ်နယ်မြေ ရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here