ထိုင်းနိုင်ငံသို့ မြန်မာ MoU အလုပ်သမား ၈၀၆ ဦးထပ်မံစေလွှတ်ရန် ပြည်ပအလုပ်အကိုင် အလုပ် သမားသက်သေခံကတ်ပြား(OWIC)ကတ်ပြုလုပ်ခွင့်ပြု

0
90

ထိုင်းနိုင်ငံသို့ မြန်မာ MoU အလုပ်သမား ၈၀၆ ဦးထပ်မံစေလွှတ်ရန် ပြည်ပအလုပ်အကိုင် အလုပ် သမားသက်သေခံကတ်ပြား(OWIC)ကတ်ပြုလုပ်ခွင့်ပြု

ထိုင်းနိုင်ငံရှိ ကုမ္ပဏီ ၁၀ ခုသို့ မြန်မာ MoU အလုပ် သမား ၈၀၆ ဦးအား မကြာမီ ထပ်မံစေလွှတ်သွားမည်ဖြစ်၍ အလုပ်သမားဝန်ကြီးဌာန၊အလုပ်သ မားညွှန်ကြားရေးဦးစီးဌာနက ပြည်ပအလုပ်အ ကိုင် အလုပ်သမားသက်သေခံကတ်ပြား(OWIC) ကတ်ပြုလုပ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

လုပ်ငန်းခွင်သို့ အချိန်မီဝင်ရောက်နိုင်ရန်အတွက် OWIC ကတ်ပြုလုပ်ရန် စက်တက်ဘာ ၂၁ ရက်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

မြန်မာ MoU အလုပ်သမား အမျိုးသား ၃၀၃ ဦး၊အမျိုးသမီး ၅၀၃ ဦး(စုစုပေါင်း ၈၀၆ ဦး)အား မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး (ထိုင်း)လိုင်စင်ရအေဂျင်စီ ၆ ခုမှ ထိုင်းနိုင်ငံရှိ ကုမ္ပဏီ ၁၀ ခုသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Royal Efficient Co.,Ltd မှ ထိုင်းနိုင်ငံရှိ ကုမ္ပဏီ ၂ ခု၊ Ngwe Kyal Sin Hein Co.,Ltd မှ ထိုင်းနိုင်ငံရှိ ကုမ္ပဏီ ၃ ခု၊ Today Top Star Co.,Ltd မှ ထိုင်းကုမ္ပဏီ ၁ ခု၊ Haw Nan Co.,Ltd မှ ထိုင်းနိုင်ငံရှိ ကုမ္ပဏီ ၂ ခု၊ Direct Rescources Co.,Ltd မှ ထိုင်းနိုင်ငံရှိ ကုမ္ပဏီ ၁ ခု၊ Shwe Sin Koe Pwint Co.,Ltd မှ ထိုင်းနိုင်ငံရှိ ကုမ္ပဏီ ၁ ခုတို့သို့ စေလွှတ်သွားမည်ဖြစ်သည်။

မြန်မာ MoU အလုပ်သမားများအား ထိုင်းနိုင်ငံသို့ ရနောင်း-ကော့သောင်းလမ်းနှင့် မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားတို့မှတဆင့် စေ လွှတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here