တောင်သူများ လယ်ယာသုံး စက်ကိရိယာ ဝယ်ယူနိုင်ရေး JICA TwoStep Loan ချေးငွေအနေဖြင့် ကျပ်သန်းပေါင်း (၁၈၀၀၀) ကျော် ထုတ်ချေးမည်

0
170

တောင်သူများ လယ်ယာသုံး စက်ကိရိယာ ဝယ်ယူနိုင်ရေး JICA TwoStep Loan ချေးငွေအနေဖြင့် ကျပ်သန်းပေါင်း (၁၈၀၀၀) ကျော် ထုတ်ချေးမည်

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် JICA တို့ ပူးပေါင်း၍ တောင်သူ တစ်ဦးလျင် ငွေကျပ် သိန်း (၇၀၀) အထိ ထုတ်ချေးပေးနေပြီး ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စုစု ပေါင်း ငွေကျပ် သန်းပေါင်း ၁၈၀၀၀ ကျော် ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။

အဆိုပါ ချေးငွေ ထုတ်ချေးပေးခြင်း အစီအစဉ်မှာ စိုက် ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ချေးငွေးဖြစ်ပြီး လယ်ယာသုံး စက်ကိရိယာအမျိုးမျိုးဝယ်ယူနိုင်ရေးအ တွက် JICA Two Step Loan ဖြင့် ထုတ်ချေးပေးခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းစတင်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၄) ခုမှ တောင်သူစုစုပေါင်း (၅၅၀၀) ကျော်ကို ထုတ်‌ ချေးပေးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

” ပြည်နယ်နဲ့တိုင်းအလိုက်ကို လျာထားချက်တွေ ပေးပြီးတော့ တောင်သူတွေကိုလည်း ဖိတ်ခေါ် ဆောင်ရွက်နေပါတယ်” ဟု မြန်မာ့လယ်ယာဖွံ့ဖြိးရေးဘဏ် ဦးဆောင်ညွှန် ကြားရေးမှူး ဦးမင်းသူက ပြောသည်။

ယခု ဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလအထိ မြို့နယ် (၈) မြို့နယ်မှ တောင်သူ (၁၈) ဦးအား ငွေကျပ်သန်းပေါင်း (၉၆၇) သန်းကျော်ကို ထုတ်ချေး ပေးခခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ချေးငွေ ရယူခဲ့သည့် တောင်သူများမှာ နေပြည် တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ကချင်ပြည်နယ်မှ တောင်သူများ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ ချေးငွေအစီအစဉ်မှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၅၇ ခုနှစ်အထိ နှစ် (၄၀) အသုံးပြုနိုင်မည့် နှစ်ရှည်ချေးငွေအစီအစဉ် ဖြစ်ကြောင်းလည်း သိရသည်။

အမှန်တကယ် လုပ်ကိုင်နိုင်စွမ်းရှိသည့် တောင်သူများအ နေဖြင့်လည်း အဆိုပါ JICA ချေးငွေကို ရယူကာ လုပ်ငန်းများချဲ့ထွင်လုပ်ကိုင်သင့်ကြောင်းလည်း  မြန်မာ့လယ်ယာဖွံ့ဖြိးရေးဘဏ် ဦးဆောင်ညွှန် ကြားရေးမှူးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here