တာမွေကြီး (ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရ

0
145

တာမွေကြီး (ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် ယနေ့(စက်တင်ဘာ ၂၄ ) နံနက်ပိုင်းကအဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာ ၂၄ ရက် နံနက် ၄ နာရီ ၁၄ မိနစ်အချိန်ခန့်တွင် တာမွေမြို့နယ်အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ် 165 လမ်းရှည်ထောင့်ရှိ တာမွေကြီး(ခ)ရပ်ကွတ် အုပ်ချုပ်ရေးမှူးရုံးသည် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲဖျက်စီးခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရုံးတွင်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကာ ရုံးစောင့်အိပ်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကနဦး သိရသည်။

တာမွေကြီး (ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဖောက်ခွဲဖျက်ဆီးခြင်းကို Freeland Attack Force (FLA) ၊ Emerald Girls Army (EGA) နှင့် Revolution of 21 Centuryအဖွဲ့တို့ပူးပေါင်းပြုလုပ်ခြင်း ဖြစ်သည်ဟု ယင်းတို့က သတင်းထုတ်ပြန်ထားသည်။

Freeland Attack Force (FLA) ၊ Emerald Girls Army (EGA) အဖွဲ့တို့သည် ယမန်နေ့ (စက်တင်ဘာ ၂၃) ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ့ ယာဉ်ထိန်းရုံးကိုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အပြစ်မဲ့ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိုဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့၀င်များက စုံစမ်း စစ်ဆေးမှုများပြုလုပ်လျက် ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here