ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပွဲတော်ကို ကိုဗစ် စည်းကမ်းများနှင့်အညီ ကျင်းပမည်

0
482

ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပွဲတော်ကို ကိုဗစ် စည်းကမ်းများနှင့်အညီ ကျင်းပမည်

ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပွဲတော်ကို ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး (ပြည်ချစ်ဘုရား)အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ စက်တင်ဘာလ ၂၄ ရက်တွင် သိရသည်။

” လုံခြုံရေးကိစ္စတွေကို သေချာစီစစ်ပြီးတော့ကျင်းပမယ်၊ လုံခြုံစိတ်ချရတဲ့ပွဲဖြစ်ပါမယ်၊ ကိုဗစ်နဲ့ပတ်သတ်ပြီးတော့လည်း ကျန်းမာရေးဌာနရဲ့ စီမံချက်တွေနဲ့ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတော်လာရောက်သူအားလုံး ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပါ၀င်ဆင်နွှဲလို့ရအောင် စီစဉ်ပေးထားပါတယ်” ဟု ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ပွဲတော်နှင့် ပတ်သတ်သည့် အသေးစိတ် အချက်အလက်များကို မကြာမီအချိန်အတွင်း အသိပေးသွားမည်ဟု ယင်းကပြောသည်။

ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပွဲတော်ကို၂၀၁၉ ခုနှစ်တွင် (၁၅) မြောက်အဖြစ်ကျင်းပခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ တို့တွင် ကိုဗစ် – ၁၉ အခြေအနေများကြောင့်  မကျင်းပနိုင်ခဲ့ဘဲ ယခုနှစ်တွင် (၁၆) ကြိမ်မြောက် အဖြစ်ကျင်းပမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here