မင်္ဂလာဈေးတည်ဆောက်နေမှု ၆၆ ရာခိုင်နှုန်းပြီးစီးပြီဖြစ်

0
154

မင်္ဂလာဈေးတည်ဆောက်နေမှု ၆၆ ရာခိုင်နှုန်းပြီးစီးပြီဖြစ်


ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ဗညားဒလလမ်းနှင့်စက်ရုံလမ်းထောင့်ရှိ မင်္ဂလာစျေးအ ဆောက်အဦးတည်ဆောက်နေမှုသည် ၆၆ ရာခိုင် နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မင်္ဂလာစျေးတည်ဆောက်နေမှုအား ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက စက်တင်ဘာ ၂၃ ရက်နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ချိန်အတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရေးနှင့်လုပ်ငန်းခွင်အန္တ ရာယ်ကင်းရှင်းရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။ 

ရန်ကုန်မြို့တော်ဝန်အား မင်္ဂလာစျေးတည် ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ် သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

မင်္ဂလာဈေးအား ၂၀၁၉ ခုနှစ်၊စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ဧပြီလတွင် အပြီးတည်ဆောက်ရန်လျာထားကြောင်း သိရသည်။

အသစ်တည်ဆောက်လျက်ရှိသည့် မင်္ဂလာဈေး သည် မြေအောက်(၂)ထပ်၊မြေပေါ် (၁၅)ထပ်ဖြစ်ပြီး ဘဏ်များ၊ City Mart များ၊ဆိုင်ခန်းများ၊ရုံးခန်းများနှင့်ယာဉ်ရပ်နားစခန်းများ ပါဝင်မည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here