လိုအပ်ပါက forex ကို ထပ်မံလုပ်ဆောင်ရန် ဂျပန်အဆင်သင့်ဖြစ်နေသည်ဟုဆို

0
93

လိုအပ်ပါက forex ကို ထပ်မံလုပ်ဆောင်ရန် ဂျပန်အဆင်သင့်ဖြစ်နေသည်ဟုဆို

တိုကျို၊စက်တင်ဘာ ၂၃

ဂျပန်သည်ငွေကြေးဈေးကွက်အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အတက်အကျအလွန်အကျွံဖြစ်လာပါက ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ယန်းဝယ်ယူပြီးနောက် အစိုးရအနေဖြင့် လိုအပ်ပါကထိုသို့ပြန်လည် ကြားဝင် ဆောင် ရွက်နိုင်ကြောင်းပြောကြားလျက် ငွေကြေးဈေးကွက်အတက်အကျကို ပြတ်ပြတ်သားသားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက် ကြာသပတေးနေ့ကပြောကြားခဲ့သည်။

အစိုးရသည် အရေးကြီးသည့်ဈေးကွက်လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေပြီး အတက်အကျအလွန်အကျွံ့ဖြစ်လာပါက တုံ့ပြန်ရန်အတွက် လိုအပ်သောခြေလှမ်းများကို ပြတ်ပြတ်သားသားလုပ်ဆောင်သွားဖြစ်ကြောင်း ဝန်ကြီးချုပ်ကီရှီဒါက နူးယော့ခ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ရန်အမေရိကသို့ရောက်ရှိနေသည့် ဝန်ကြီးချုပ်ကီရှီဒါသည် ဂျပန်နိုင်ငံ၏နယ်နိမိတ်ထိန်းချုပ်မှုများကို အောက်တိုဘာ ၁၁ ရက်နေ့မှစကာဖြေလျှော့ပေးမည်ဖြစ်ပြီး နေ့စဉ်ဝင်ရောက်သူဦးရေကန့်သတ်ချက်ကိုလည်းဖယ်ရှားကာ တစ်ဦးချင်းဗီဇာကင်းလွတ်ခွင့်ခရီးသွားမှုများကိုပါ ပေးတော့မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့ပါသည်။

ငွေကြေးသုံးစွဲကြရန်လှုံ့ဆော်မှုအစီစဉ်အသစ်တစ်ခုကို ပြုစု ရေးဆွဲကြရန်လည်း စက်တင်ဘာ ၃၀ ရက်နေ့တွင် ၎င်း၏ဝန်ကြီးများအား ညွှန်ကြားချက်ထုတ်မည်ဟု ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ “အောက်တိုဘာလထဲမှာ အဲ့ဒီအစီအစဉ်ကိုပြုစုပြီးရင်တော့ မြန်မြန်ဆန်အကောင်အထည်ဖော်နိုင်တော့မှာပါ” ဟုလည်း၎င်းကပြောကြားခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here