နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြဌာန်းပြီးပါက ပါတီသစ်များ လျှောက်ထားနိုင်ဟု UEC ပြော

0
42

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြဌာန်းပြီးပါက ပါတီသစ်များ လျှောက်ထားနိုင်ဟု UEC ပြော

လက်ရှိတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအ သစ်နှင့် နည်း ဥပဒေများ ပြဌာန်းနိုင်နိုင်ရန် ပြင်ဆင်နေပြီး ယင်းဥပဒေနှင့် နည်းဥပဒေများ ပြဌာန်းပြီးပါက ပါတီသ စ်များ လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကော က်ပွဲကော်မရှင်က ပြောသည်။

စက်တင်ဘာလ (၂၃) ရက်တွင် အဆိုပါ ပါတီသစ်လျှောက်ထားခြင်း မူဝါဒနှင့်ပတ်သက်၍ UEC က မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယခင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများနှင့် နိုင်ငံရေးပါတီများအား စစ်ဆေးနေမှုမှ တွေ့ရှိရသည့် အချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ ဒေအသစ်နှင့် နည်းဥပဒေများကို ရေးဆွဲနေခြင်း ဖြစ်ပြီး မကြာမီကာလအတွင်း အတည်ပြု ပြဌာန်းသွားမည်‌ ဖြစ် ကြောင်း သိရသည်။

လာမည့် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့် ‌အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြီးခဲ့သည့် ရွေး ကောက်ပွဲများတွင် အနိုင်ရခဲ့သည့် လွှတ်တော်အမတ်များ စုစည်းကာ ပါတီသစ်တည်ထောင်ရန် ကြိုးပမ်းမှုများ ရှိနေပြီး အဆိုပါသတင်းနှင့် ပတ်သက်၍ မီဒီယာအချို့၏ မေးမြန်းမှုကို UEC က ပြန်လည်ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် UEC အနေဖြင့် နိုင်ငံရေးပါတီများအား စစ် ဆေးခြင်းများ လုပ်ဆောင်နေပြီး ပါတီ (၉၂) ပါတီရှိသည့်အနက် (၈၅) ပါတီအား စစ်ဆေးပြီး ဖြစ်ကာ ဆက်လက်စစ်ဆေးရန် (၇) ပါတီ ကျန်ရှိနေသေးကြောင်း သိရသည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် အချိုးကျ(PR) စနစ်ဖြင့်အထွေ ထွေရွေးကောက်ပွဲ တစ်ရပ် တစ်ပြည်လုံးအတိုင်းအတာဖြင့် ကျင်းပသွားရန်ရှိနေပြီး လက်ရှိတွင် ရွေးကောက်ပွဲအကြိုကာလအနေဖြင့် မဲစရင်းစစ်ဆေးခြင်းများ၊ သန်း ခေါင်စာရင်းနှင့် အိမ်ထောင်စု ဇယားပါအချက်အလက်များတိုက်ဆိုင် စစ်ဆေးခြင်းကို UEC နှင့် လဝကတို့ ပူး ပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here