Friday, May 30, 2025

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့်...

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ...

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း...

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန်...

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆)...

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ...
HomeNewsLocal Newsစင်္ကာပူ MOPS ဈေးကျ၍...

စင်္ကာပူ MOPS ဈေးကျ၍ ယနေ့ ပြည်တွင်း စက်သုံးဆီစျေး (၅၅) ကျပ်ပြန်ကျ၊ 92 Ron တစ် လီတာလျင် ၂၂ ၄၀ ကျပ်ဖြင့်ရောင်းချ

စင်္ကာပူ MOPS ဈေးကျ၍ ယနေ့ ပြည်တွင်း စက်သုံးဆီစျေး (၅၅) ကျပ်ပြန်ကျ၊ 92 Ron တစ် လီတာလျင် ၂၂ ၄၀ ကျပ်ဖြင့်ရောင်းချ

ယနေ့ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာပြီး 92 တစ်လီတာလျင် ၂၂၄၀ ကျပ်ဖြင့် ရောင်း ချပေးနေကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ယမန်နေ့(စက်တင်ဘာ ၂၂ ရ က်)ကဖြစ်ပေါ်ခဲ့သည့် စျေးနှုန်းထက် ၅၅ ကျပ် ပြန်လည်ကျဆင်းလာခြင်းဖြစ်ပြီး ယနေ့တွင် ရန်ကုန်တိုင်းအတွင်း၌ 92 Ron တစ်လီတာလျင် ၂၂၄၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်ဟု စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

ထို့ပြင် မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ မုံရွာ၊ ပုသိ မ်၊ ဘားအံနှင့် မော်လမြိုင်တို့တွင်လည်း 92 Ron တစ်လီ တာလျင် ၂၂၀၀ ကျပ်ဝန်ကျင်ဖြင့်ရောင်းချပြီး ထားဝယ်၊ မြစ်ကြီးနား၊ စစ်တွေ၊ လားရှိုး၊ တောင်ကြီးနှင့် လွိုင်ကော်တို့တွင် 92 Ron တစ်လီတာလျင် ၂၃၀၀ ကျပ်ကျော်သို့ ပြန်ကျဆင်းခဲ့ကြောင်း သိရသည်။

ထို့အတူ ဟားခါးတွင် 92 Ron တစ်လီတာလျင် ၂၅၀၀ ကျပ်ဝန်းကျင်နှင့် ကျိုင်းတုံတွင် ၃၀၀၅ ကျပ်သို့ပြန်လည်ကျဆင်းခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စက်သုံးဆီဈေးနှုန်း ပြန် လည် မြင့်တက်ခဲ့ခြင်းမှာ Singapore MOPS စျေးတက်ခဲ့သည့်အတွက်ဖြစ်ပြီး လက်ရှိတွင် MOPS ဈေးပြန်ကျလာသည့်အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်း ပြန် လည် ကျဆင်းလာခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လ က်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၂၂၄၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၃၂၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၇၃၀ ကျပ် သတ်မှတ်ထားသည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ် လီတာလျင် ၂၈၁၅ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလ က်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၂၁၃၇ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၂၁၄ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၆၁၂ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၆၉၂ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှော င်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော် မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက် ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့် မျောပါခဲ့သည့် ခရီးသည်တင်ယာဉ်ကို ပြန်လည်ဆယ်ယူနေ

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ (၃၀)ရက်တွင် ပြန်လည်ဆယ်ယူနေပြီဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ (၂၆)ရက်၊ မွန်းလွဲ (၁) နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသွားများ အားလုံး ထိခို-က်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ဆင်တဲဝချောင်းမှာ မိုးရွာသွန်းပါက ရေစီးသန်သဖြင့် ဒေသခံများအနေဖြင့် သတိထားဖြတ်သန်း သွားလာရသည့် ချောင်းတခုဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထား

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့် စစ်တောင်းစသည့် မြစ်ကြီးများတွင် အဓိက ထည့်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြားသော မြစ်၊ ချောင်း၊ အင်းအိုင်နှင့် သဘာ၀ရေကန်များတွင်လည်း ထည့်မည်ဖြစ်ကြောင်း သိရသည်။ မျိုးစိုက်ထည့်မည့် ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ ရွှေ၀ါငါးကြင်းနှင့် ငါးခုံးမ ငါးများဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ငါးသားပေါက်များ ဆောင်ရွက်ရခြင်းသည် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာနိုင်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု၀င်ငွေပိုမိုရရှိစေသည့်အပြင်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန် ၂ဝ၂၅ ခုနှစ်၊ ဧပြီ ၃ဝ မှစတင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့သည်။ အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ-၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်သည်ဟု ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှ သာစည်မြို့နယ်တွင် ၄င်းနယ်မြေအတွင်းရှိ သဘာဝဧရိယာ ၆,၃၈၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071