Sunday, July 20, 2025

ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀)...

ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန် ရည်ရွယ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြည်ပသို့...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ်...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ...

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၉)ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင်...

နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် ဝန်ထမ်း...

တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် အစိုးရဝန်ထမ်း တချို့ ပြန်ရောက်လာကြောင်း သိရသည်။ လက်ရှိတွင် ဝန်ထမ်း အဆောက်အဦးများကို...
HomeNewsLocal Newsရုရှားအားလက်နက်ခဲယမ်းများမပေးခဲ့ဖူးဟု မြောက်ကိုရီးယားပြောကြား

ရုရှားအားလက်နက်ခဲယမ်းများမပေးခဲ့ဖူးဟု မြောက်ကိုရီးယားပြောကြား

ရုရှားအားလက်နက်ခဲယမ်းများမပေးခဲ့ဖူးဟု မြောက်ကိုရီးယားပြောကြား

ဆိုးလ်၊စက်တင်ဘာ ၂၂

ရုရှားနိုင်ငံသို့ လက်နက်ခဲယမ်းများပေးသွင်းဖူးခြင်းမရှိကြောင်း မြောက်ကိုရီးယားက စက်တင်ဘာ ၂၂ ရက် ကြာသပတေးနေ့ကပြောကြားခဲ့ပြီး နိုင်ငံ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့်ကောလဟလများ ဖြန့်ဝေခြင်းအားရပ်တန်းကရပ်ရန် အမေရိကန်ပြည်ထောင်စုအား သတိပေးပြောကြားခဲ့သည်။

“မြောက်ကိုရီးယားအပေါ်ရန်လိုနေတဲ့ အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေက မြောက်ကိုရီးယားနဲ့ရုရှားအကြား လက်နက်ကူးသန်းရောင်းဝယ်မှုတွေလုပ်ပြီးကုလ လုံခြုံရေးကောင်စီ ရဲ့ဆုံးဖြတ်ချက်ကို ချိုးဖောက်တယ်လို့ပြောနေကြတာတွေကြားခဲ့ရပါတယ်၊တကယ်တမ်းကျ မြောက်ကိုရီးယားအနေနဲ့ရုရှားကိုဘယ်တုန်းကမှလက်နက်ခဲယမ်းတင်ပို့တာမျိုးမရှိခဲ့သလို တင်ပို့ဖို့လည်းအစီအစဉ်မရှိပါဘူး” ဟု နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန စက်လက်နက်ပစ်စည်း ဗျူရိုဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦး၏ အမည်မဖော်ပြလိုသောပြောကြားချက်ကိုကိုးကားလျက် KCNA ကဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာနလက်ထောက်ပြောရေးဆိုခွင့်ရှိသူ Vedant Patel ကမူ ရုရှားသည် ယူကရိန်း၌အသုံးပြုရန်အတွက် မြောက်ကိုရီးယားထံမှ သန်းနှင့်ချီသောဒုံးကျည်များနှင့် အမြောက်ကျည်ဆန်များကို ဝယ်ယူရန်လုပ်ဆောင်နေသည်ဟု ယခုလအစောပိုင်းကပြောကြားခဲ့သည်။

သို့သော် အိမ်ဖြူတော်အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ John Kirby ကမူ အဆိုပါဝယ်ယူမှုသည် ပြီးမြောက်ခြင်းမရှိကြောင်းနှင့် အဆိုပါလက်နက်အမျိုးအစားများကိုလည်း ယူကရိန်း၌အသုံးပြုမှုကိုလုံးဝမတွေ့ရှိခဲ့ကြောင်းကို နောက်ပိုင်းတွင်ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် အမေရိကသည် အီရန်ကိုလည်း ယူကရိန်းစစ်၌အသုံးပြုရန် ရုရှားသို့ဒရုန်းများ‌ေပးသွင်း သည်ဟု ပြောခဲ့သော်လည်း အီရန်ကတော့ငြင်းဆိုထားသည်။ရုရှားကလည်း အဆိုပါစွပ်စွဲချက်များအားလုံးကိုပယ်ချထားပြီး အမှန်တကယ်ဖြစ်ကြောင်းအထောက်အထားနှင့်တကွသက်သေပြပါဟု အမေရိကသို့တောင်းဆိုထားသည်။ရုရှားနှင့်မြောက်ကိုရီးယားတို့သည် ၎င်းတို့၏ဆက်ဆံရေးကိုမကြာသေးမီကဆွေးနွေးခဲ့ကြသည်။

ရုရှားသမ္မတဗလာဒီမာပူတင်က မြောက်ကိုရီးယားလွတ်လပ်ရေးနေ့အတွက်စာပေးပို့ခဲ့စဉ်က ကင်မ်ဂျုံအမ်းအား နှစ်နိုင်ငံ၏ကြိုးပမ်းမှုများဖြင့်နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုချဲ့ထွင်သွားရန်ပြောကြားခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းကလည်း နှစ်နိုင်ငံအကြားမဟာဗျူဟာနှင့်နည်းဗျူဟာ ပူးပေါင်းဆောင်ရွက်မှု၊ပံ့ပိုးမှုနှင့်စည်းလုံးညီညွတ်မှုတို့သည် ရန်လိုနေသောအခြားစစ်အင်အားစုများကြားမှပင် ခြိမ်းခြောက်မှုများနှင့်ရန်စမှုများကိုလျော့ပါးစေနိုင်သည့် အဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်းရေးသားထားသည့်စာဖြင့် သမ္မတပူတင်ထံသို့ပြန်စာပေးပို့ခဲ့သည်။

ရုရှားကအထူးစစ်ဆင်‌ ရေးဟုအမည်တပ်ထားသည့် ထိုးစစ်ဆင်မှုကိုခုခံနေသောယူကရိန်းသည် ရုရှားကျောထောက်နောက်ခံပြုထားသော ခွဲထွက်ရေးလိုလားသည့်ယူကရိန်းအရှေ့ပိုင်းရှိနေရာနှစ်ခုအား ဇူလိုင်လအတွင်း၌ ပြုံယမ်းက လွတ်လပ်သောပြည်နယ်များအဖြစ်အသိအမှတ်ပြုပေးခဲ့ပြီးနောက် ပြုံယမ်းနှင့်ဆက်ဆံရေးကိုဖြတ်တောက်ခဲ့သည်။

Source –Reuters/ec

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန်မျှော်မှန်းထား

ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန် ရည်ရွယ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြည်ပသို့ ငါးတင်ပို့ရာတွင် ရန်ကုန်မြို့ မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရို-က်တင်ပို့ လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိသည်။ လက်ရှိတွင် ငါးများ ပေါက်ဖွားရန် အခွင့်အလမ်းကောင်းများ ပိုမိုရရှိစေရေးအတွက် ရေချို၊ ရေငံငါးများကို...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီး ဖြစ်

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများဖြစ်သည့် Abate (ပိုးလောက်လမ်းသေဆေး)၊ Fogging Machine (ခြင်ဆေးမှုတ်စက်)၊ သွေးလွန်တုပ်ကွေး အမြန်သွေးစစ်ကိရိယာ (RDT)၊ ကလေး သွေးပေါင်ချိန်တိုင်းကိရိယာ (Pediatric BP Cuff) တို့ကို ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊...

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၉)ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင် ရန် ကုန်မြစ်ဝ ရေကြောင်းပြစခန်းနှင့် ရေမိုင် ၇ မိုင်အကွာ ပင်လယ် ပြင်၌ မတော်တဆဖြစ်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ နစ်မြုပ်မှုကြောင့် တင်ဆောင်လာသည့် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး တပ်မတော် (ရေ) နှင့် ကုန်တင် သင်္ဘောတစ်စင်းတို့က အချိန်မီ လာရောက်ကူညီခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် သင်္ဘောသားများကိုမူ ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071