နွားထိုးကြီးမြို့နယ်တွင် အမျိုးသားတစ်ဦး နေ အိမ်၌သေနတ်ဖြင့်ပစ်သတ်ခံရ

0
128

နွားထိုးကြီးမြို့နယ်တွင် အမျိုးသားတစ်ဦး နေ အိမ်၌သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊စိန်ပန်းကျင်းကျေးရွာနေ ဦးခင်မောင်ဝင်း(၆၀)နှစ်သည် စက် တင်ဘာ ၂၂ ရက်ညပိုင်းက နေအိမ်၌သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ယင်းနေ့ည ၇ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသားများသည် မိသားစုဝင်များနှင့်အတူ နေအိမ်၌ရှိနေသည့် ဦးခင်မောင်ဝင်းအား သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ဦးခင်မောင်ဝင်း၏ ရင်ညွန့်၊ ဘယ်ရင် အုံ၊ ညာဂျိုင်းအောက်၊ ညာခါးစောင်း၊ ညာပေါင်နှင့်ဆီးခုံတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကျည်ထိမှန်ဒဏ်ရာ ၆ ချက်ရပြီး သေဆုံးခဲ့ပါတယ် အခင်းဖြစ်ရပ်နားက ကျည်ခွံတစ်ချို့ကိုလည်းတွေ့တယ် လက်ရှိစုံစမ်းစစ်ဆေးတာတွေလုပ်နေကြပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေး၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စိန်ပန်းကျင်းကျေးရွာအတွင်းနှင့်အနီးပတ်ဝန်းကျင်တို့အား ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဦးခင်မောင်ဝင်းအား မည်သည့်အဖွဲ့အစည်းမှ သေနတ်ဖြင့်လာရောက်ပစ်ခတ်ခြင်းနှင့်ပစ်ခတ်ရသည့်အကြောင်းတို့အား ထုတ်ပြန်ထားခြင်းမရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here