ရေးမြို့နယ်၌ နှင်းစုံတံတားအမှတ်(၁/၈၅) သံကူကွန်ကရစ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

0
41

ရေးမြို့နယ်၌ နှင်းစုံတံတားအမှတ်(၁/၈၅) သံကူကွန်ကရစ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ နှင်းစုံတံတားအမှတ်(၁/၈၅) သံကူကွန်ကရစ်တံတားကို အမည်မသိလက်နက်ကိုင်များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

 စက်တင်ဘာလ ၂၁ ရက် ညနေ ၆ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်း-တောင်ဘုံ-သောင်ပြင်-အာယုတောင်သွားကားလမ်း၊ နှင်းစုံကျေးရွာ၊ ကျောက်ခွဲ စက်အနီး၊ မိုင်တိုင်အမှတ် ၈၄ မိုင် ၀ ဖာလုံနှင့် ၅ ဖာလုံကြား အရှည် ၁၂၀ ပေ၊ အနံ ၂၄ ပေရှိ နှင်းစုံသံကူကွန်ကရစ်တံတားအမှတ်(၁/၈၅)ကို အမည်မသိလက်နက်ကိုင်များက မိုင်းထောင်  ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် သံကူကွန်ကရစ်တံတား၏ ယာဘက်ကြမ်းခင်း ၁၀ ပေ ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်တွင် ဆိုင်ကယ်နှင့် ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာနိုင်ပြီး ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိ‌သေး‌ကြောင်း သိရသည်။

ပျက်စီးသွားသည့် တံတားအား ပြန်လည်ပြုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပြီး တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် သူများအား ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here