ထီးချိုင့်မြို့နယ်ရှိ ထီးချိုင့်-မြတောင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်တွင် မိုင်းနှစ်လုံးပေါက်ကွဲ ထိ ခိုက်သူများရှိ

0
142

ထီးချိုင့်မြို့နယ်ရှိ ထီးချိုင့်-မြတောင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်တွင် မိုင်းနှစ်လုံးပေါက်ကွဲ ထိ ခိုက်သူများရှိ

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်၊ထီးချိုင့်-မြတောင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၂၃ ရက်(ယနေ့)နံနက်ပိုင်းက မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ထိခိုက်သူများရှိသည်ဟု သိရသည်။

ယနေ့နံနက် ၆ နာရီခွဲခန့်က ထီးချိုင့်-မြတောင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်အတွင်းမှ မိုင်းနှစ် လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကာ တာဝန်ကျလုံခြုံရေးအဖွဲ့ဝင်အချို့တွင် ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

“မနက်အစောပိုင်း ပေါက်ကွဲသံကြီးကြားပြီး လူနာ တင်ကားတွေအမြန်မောင်းသွားကြတယ် ဘယ် နှစ်ယောက်ထိတယ်ဆိုတာနဲ့ဘယ်နှစ်ယောက်သေတယ်ဆိုတာကတော့ အတိအကျမသိဘူး”ဟု ဒေ သခံတစ်ဦးကပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် စစ်ဆေးရေးဂိတ်သို့ လုံ ခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအ တွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်အား မိုင်းထောင်ဖောက် ခွဲမှုကို ထီးချိုင့်မြို့နယ်အခြေစိုက်  Special.9-HPDF အဖွဲ့မှပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here