ပုသိမ်မြို့ရှိ အ.မ.က(၂၄)တွင် ကျောင်းဆရာမတစ်ဦး၌ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ကြောင်း သတင်းအရ ကျောင်းသား၊ကျောင်းသူများ၏ မိဘများရောက်ရှိလာကာလူစုလူဝေးဖြစ်ခဲ့

0
206

ပုသိမ်မြို့ရှိ အ.မ.က(၂၄)တွင် ကျောင်းဆရာမတစ်ဦး၌ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ကြောင်း သတင်းအရ ကျောင်းသား၊ကျောင်းသူများ၏ မိဘများရောက်ရှိလာကာလူစုလူဝေးဖြစ်ခဲ့

ဧရာဝတီတိုင်း၊ပုသိမ်မြို့၊အမှတ်(၄)ရပ်ကွက်၊ကုန် သည်လမ်းရှိ အ.မ.က(၂၄)ကျောင်းတွင် ကျောင်း ဆရာမတစ်ဦး၌ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိကြောင်း သတင်းအရ စက်တင်ဘာ ၂၂ ရက်တွင် ကျောင်းသား၊ကျောင်းသူများ၏ မိဘများရောက်ရှိလာ၍ လူစုလူဝေးဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ရောက်ရှိလာသဖြင့် ပုသိမ်မြို့နယ်စီမံ အုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကျော်ဦး၊ပုသိမ်မြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲရန်အောင်၊ဒု-မြို့နယ်ပညာ ရေးမှူးဦးရည်မြင့်၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဦးမန်းလှအေး၊ အ.မ.က(၂၄)၏ ကျောင်းအုပ် ဆရာကြီးဦးမောင်မောင်ကျော်၊အမှတ်(၄)ရပ် ကွက်အုပ်ချုပ်ရေးမှူးဦးကျော်စိုးလတ်တို့က ကျောင်းသား၊ကျောင်းသူများ၏ မိဘ ၁၀ ဦးနှင့်တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံပြီးနောက် ကိုဗစ်(၁၉)ရောဂါနှင့် ပတ်သက်၍ နားလည်သဘောပေါက်စေရန် ရှင်း လင်းပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအား ကျောင်းဆင်းပေးမည်ဖြစ်ကာ ကျောင်းသား၊ကျောင်းသူများ နေမကောင်းဖြစ်ခဲ့ပါက ကျောင်းသို့ ခွင့်တိုင်ကြားပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပို့ ဆောင်ရန် ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ ကျောင်းသား၊ကျောင်းသူများ၏ မိဘသဘောဆန္ဒအတိုင်း လက်ခံသွားမည်ဟု ဆွေး နွေးပြောကြားခဲ့သဖြင့် ကျောင်းသားမိဘများ ပြန် လည်ထွက်ခွာသွားခဲ့ကြကြောင်း မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့-ပုသိမ်မှ သိရသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများအား တန်းခွဲအလိုက် ကျောင်းဆင်းပေးခဲ့ပြီး မြို့နယ်ကျန်းမာရေးအဖွဲ့များမှ စာ သင်ခန်းများအား ပိုးသတ်ဆေးဖျန်းပေးခဲ့ကြသည်။

အဆိုပါ အ.မ.က(၂၄)အား ပုံမှန်အတိုင်းဖွင့်လှစ်သွားမည်ဖြစ်၍ ကျောင်းသား၊ကျောင်းသူများအား ပုံမှန်အတိုင်းကျောင်းထားကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ပုသိမ် ကအသိပေးထုတ်ပြန်ခဲ့သည်။

အ.မ.က(၂၄)မှ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ၄ ကြိမ်ထိုးနှံထားပြီးဖြစ်သည့် ကျောင်းဆရာမတစ်ဦးတွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့ရရခြင်းဖြစ်ကာ ၎င်းအား နေအိမ်တွင် HOME ISOLATION (၁၀)ရက်ခန့်နေထိုင်ရန် အပိုင်ကျန်းမာရေးဆရာမနှင့်နယ်မြေမှူးတို့က မှာကြားထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here