ငါန်းဇွန်နှင့်မြောင်မြို့နယ်တို့တွင် အရပ်သားများအား ခေါင်းဖြတ်သတ်ခဲ့သည့် ဇာမဏီပြောက် ကျားအဖွဲ့ဝင် ၈ ဦးအားဖမ်းဆီးရမိဟု နစက ထုတ်ပြန်
မန္တလေးတိုင်း၊ ငါန်းဇွန်နှင့်မြောင်မြို့နယ်တို့တွင် အရပ်သားများအား “ဒလန်”ဟုစွတ်စွဲ၍ ခေါင်းဖြတ်သတ်ခဲ့သည့် ဇာမဏီပြောက်ကျားအဖွဲ့ဝင် အမျိုးသား ၈ ဦးအား လုံခြုံရေးအဖွဲ့ဝင်များက စက်တင်ဘာ ၁၇ ရက်မှစတင်ကာ အသီးသီးဖော် ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။
လုံခြုံရေးအဖွဲ့ဝင်များက ဖြစ်ပွားခဲ့သည့် သတ် ဖြတ်မှုများတွင် ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ရာမှ စက်တင် ဘာ ၁၇ ရက်နံနက်ပိုင်း၌ ငါန်းဇွန်မြို့နယ်၊ရေ လည်သောင်ကျေးရွာအနီးတွင် ဇာမဏီပြောက် ကျားအဖွဲ့ဝင်များဖြစ်သည့် စိုင်းထက်အောင်၊လှိုင်မျိုးအောင်နှင့်ကြံ့ခိုင်ထွန်း တို့အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ စက် တင်ဘာလ ၁၉ ရက်ညနေပိုင်းတွင် ဇာမဏီပြောက်ကျားအဖွဲ့ဝင်များဖြစ်သည့် ဇော်မင်းထွေး၊အောင်ကိုလတ်၊ကျော်သူ၊ဖိုးဦးနှင့်ဇော်လင်းအောင် တို့အားခိုအောင်းနေထိုင်လျက်ရှိသည့် ငါန်းဇွန်မြို့နယ်၊နတ်ကြီးကျေးရွာ၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးစဥ်က ဇော်လင်းအောင်သည် လုံခြုံရေးအ ဖွဲ့ဝင်များကိုင်ဆောင်သည့် လက်နက်အားလုယူထွက်ပြေးရန် ကြိုးစားခဲ့၍ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအားစစ်ဆေးရာ ဇာမဏီပြောက်ကျားအဖွဲ့အား ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ ၂ ရက်တွင် အင်အား ၄၄ ဦးခန့်ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အရပ်သားများအား “ဒလန်”ဟု စွတ်စွဲ၍ သတ် ဖြတ်ခဲ့မှု ၄ ကြိမ်ကျူးလွန်ခဲ့ခြင်းတို့ကိုလည်း ဖော် ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ပြစ်မှုကျူးလွန်သူ များအား ဥပဒေအရထိရောက်စွာအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း နစက မှထုတ်ပြန်ခဲ့သည်။