ယနေ့ စက်တင်ဘာ (၂၂) ရက် မြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်ခံရသူ (၄၀၉) ဦးရှိ
ယနေ့ စက်တင်ဘာလ (၂၂) ရက် ကျန်းမာရေး ဝန်ကြီးဌာ န၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ခံရသူ (၄၀၉) ဦး ရှိကြောင်း သိရသည်။
စက်တင်ဘာလ (၂၁) ရက် ည(၈) နာရီမှ (၂၂) ရက် ည(၈) နာရီ အထိ သံသယ လူနာ (၁၂,၂၃၆) ဦးကို စစ်ဆေးခဲ့ရာမှ အတည်ပြု လူနာ (၄၀၉) ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ် သည်။
ယနေ့အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၈,၉ ၇၂,၂၈၁) ခုအား စစ်ဆေးခဲ့ပြီး အတည်ပြုလူနာ စုစုပေါ င်း (၆၂၀,၄၄၄) ဦး တွေ့ရှိထားကြောင်း သိရသည်။
ယနေ့တွင် ကိုဗစ်ကူးစက်ခံရာမှ ပြန်လည်ကောင်းမွန်လာသူ (၁၇၅) ဦး ရှိပြီး သေဆုံးသူ (၁) ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၆,၂၈၀) ဦးရှိပြီး ကိုဗစ်ရောဂါဖြင့် သေဆုံးသူ စုစုပေါင်း (၁၉,၄၅၂) ဦး ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောကူးစက်မှုနှုန်း တကျော့ပြန် ပြန်လည် မြင့်တက်လာနေသည့်အတွက် ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ကာ ကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ မပျက်မကွက် ထိုးနှံကြရန် ကျန်းမာရေးဝန်ကြီးဌာနက အသိ ပေးနှိုးဆော်လျက် ရှိသည်။