ဒေါက်တာလင်းအောင် အားဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအဖြစ်ခန့်အပ်

0
243

ဒေါက်တာလင်းအောင် အားဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအဖြစ်ခန့်အပ်

နစက မှဒေါက်တာလင်းအောင် အား ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၂၂ ရက်(ယနေ့)တွင် အမိန့်အမှတ် ၆၂/၂၀၂၂ ဖြင့်ခန့်အပ်တာဝန်ပေးခဲ့သည်။

ထိုသို့ ခန့်အပ်တာဝန်ပေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နစက အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

နစက မှ သြဂုတ် ၁၉ ရက်က ဗဟိုဘဏ် ဥက္ကဋ္ဌဦးသန်းညိန်းနှင့်ဒု-ဥက္ကဋ္ဌဦးဝင်းသော်တို့အား တာဝန်မှအနားပေးခဲ့ပြီးနောက် ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ဒု-ဥက္ကဋ္ဌဖြစ်သူ ဒေါ်သန်းသန်းဆွေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြောင်းလဲခန့်အပ်တာဝန်ပေးခဲ့သည်။

 ဗဟိုဘဏ် အ​နေဖြင့် ယခင်ကလည်း ဒုဥက္ကဌ နှစိဦး ရှိခဲ့ရာ ယခုလည်း ဒု-ဥက္ကဋ္ဌအဖြစ် ဦးဇော်မြင့်နိုင်အား ခန့်အပ်တာဝန်ပေးထားပြီး ယနေ့တွင် ဒေါက်တာလင်းအောင် အားဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအဖြစ် ထပ်မံခန့်အပ်တာဝန်ပေးခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here