နှစ်ရက်အတွင်း ရွှေဈေး (၁) သိန်းဝန်းကျင်ပြန်တက်၊ဒေါ်လာဈေး (၃၀၀၀) ဝန်းကျင် ဆက်ရှိနေ
ယခုတပတ်အတွင်း အကျဘက်သို့ ရောက်ခဲ့သည့် ပြည် တွင်းရွှေဈေးနှုန်းမှာ (၂) ရက်အတွင်း (၁) သိန်းဝန်းကျင် ပြန်လည် မြင့်တက်ခဲ့သည်။
စက်တင်ဘာလ (၂၀) ရက် ညနေပိုင်း ဈေးကွက်ပိတ်ချိန်တွင် အခေါက်ရွှေ (၁) ကျပ်သားလျင် (၂,၆၅၀,၀၀၀) ကျပ်ဈေးပေါက်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်းမှာ ယနေ့ စ က်တင်ဘာလ (၂၂) ရက်တွင် (၁) ကျပ်သားလျင် ၂,၇၉၀ ,၀၀၀ ကျပ်နှင့် ၂,၈၀၀,၀၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်း အဝယ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်တွင်း ရွှေဈေးကွက်အတွင်း ဝယ်လိုအားထက် ရောင်းလိုအား မြင့်တက်နေမည်ဖြစ်ကြောင်း ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌကလည်း ပေါ်ပြူ လာနယူး(စ်) သို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားထားသည်။
ယခုအပတ်အစောပိုင်း ဈေးကွက်ဖွင့်ချိန်တွင် ဈေးကွက်အတွင်း အကျဘက်သို့ ဦးတည်ခဲ့သည့် နိုင်ငံ ခြားငွေလဲဈေးနှုန်းမှာလည်း အမေရိကန် (၁) ဒေါ်လာလျင် (၃၀၀၀) ကျပ် ဝန်းကျင်၌သာ ဆက်လက်ရှိနေပြီး သိသာသည့် အပြောင်းအလဲမျိုး ဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့ပေ။
ယနေ့ စက်တင်ဘာလ (၂၂) ရက် ညနေပိုင်း ဈေးကွက်ပိတ်ချိန်တွင် အမေရိကန် (၁) ဒေါ်လာလျင် မြန်မာငွေ (၃၁၅၀) ကျပ်ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့သည်။
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းနှင့် ပြင်ပပေါက်ဈေးမှာ လက်ရှိအချိန်ထိ (၁၀၀၀) ကျပ်ဝန်းကျင် ကွာဟနေဆဲဖြစ်သည်။
ယနေ့ စက်တင်ဘာလ (၂၂) ရက် ရန်ကုန်ရွှေအသင်း၏ ရန်ကုန်အထိုင်ရည်ညွှန်း ဈေးနှုန်းမှာ အခေါက်ရွှေ (၁) ကျပ်သားလျင် (၁,၉၅၄,၀၀၀) ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေ တစ်အောင်ဆလျင် အမေရိကန်ဒေါ်လာ (၁၆၆၁) ဒေါ်လာ ဖြစ်ကြောင်း သိရသည်။
“ကမ္ဘာ့ရွှေစျေးကကျနေပါတယ်၊မြန်မာ့ရွှေမကျစေချင်တော့ လက်ကြီးသမားတွေကဒေါ်လာလက်ငင်းသမားနဲ့ညှိပြီးဒေါ်လာလက်ငင်းစျေးဆွဲမထားတာကြောင့်ရွှေစျေးမကျခြင်းပါ”ဟု စျေးကွက် စောင့်ကြည့်သူတဦးက သုံးသပ်ထားသည်။