ဂျပန်ဝန်ကြီးချုပ်က ဖိလစ်ပိုင်သမ္မတအား စီးပွားရေးအရဆက်ဆံမှုခိုင်မာစေလိုကြောင်း ပြောကြား

0
158

ဂျပန်ဝန်ကြီးချုပ်က ဖိလစ်ပိုင်သမ္မတအား စီးပွားရေးအရဆက်ဆံမှုခိုင်မာစေလိုကြောင်း ပြောကြား

ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါသည် ဖိလစ်ပိုင်နိုင်ငံ၏သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာအား စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့ကတွေ့ဆုံခဲ့ပြီး လယ်ယာစိုက်ပျိုးရေး၊စွမ်းအင်၊ကျန်းမာရေးနှင့်အခြေခံအဆောက်အဦများကဲ့သို့သော ဦးစားပေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကိုအားကောင်းစေလိုကြောင်းပြောကြားခဲ့သည်ဟု ဂျပန်ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် နူးယော့ခ်၌ပြုလုပ်သောကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ အလုပ်သဘောတွေ့ဆုံနေ့လည်စာစားစဉ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုပိုမိုမြင့်မားလာစေရန်အတွက် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့်ပူးတွဲကော်မတီကိုဆက်လက်ခေါ်ယူရန်လည်း ခေါင်းဆောင်နှစ်ဦးသဘောတူညီခဲ့ကြသည် ဟု ဂျပန်နိုင်ငံခြားရေးဌာန သတင်းပြန်ကြားရေးအတွင်းဝန် Hikariko Ono က သတင်းထောက်များအားပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ကီရှီဒါကလည်း အရှေ့နှင့်တောင်တရုတ်ပင်လယ်အတွင်း အင်အားသုံးပြီးလက်ရှိအနေအထားကိုပြောင်းလဲရန် တစ်ဖက်သတ်ကြိုးပမ်းမှုများအပြင် စီးပွားရေးအရအကျပ်ကိုင်မှုများကိုပါ နိုင်ငံတကာအသိုင်းအဝိုင်းက ဆန့်ကျင်ရန်လိုအပ်သည် ဟု ပြောခဲ့ကြောင်း သက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

သမ္မတမားကို့စ်အားမေလကရွေးကောက်တင်မြှောက်ပြီးနောက် ဂျပန်မှ ရထားလမ်းများ၊ Subic Bay ဖွံ့ဖြိုးတိုးတက်ရေးအပြင် လုံခြုံရေးနှင့်ကမ်းရိုးတန်းစောင့်ဥပဒေစိုးမိုးရေးအပါအဝင် အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်းပြောကြားခဲ့သည်။

Source –Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here