ပုသိမ်မြို့နယ်တွင် ညမထွက်ရအမိန့်အား လိုက်နာခြင်းမရှိ၍ ထောင်ဒဏ်တစ်လချမှတ်ခံထားရသူ ၇ ဦးရှိ

ပုသိမ်မြို့နယ်တွင် ညမထွက်ရအမိန့်အား လိုက်နာခြင်းမရှိ၍ ထောင်ဒဏ်တစ်လချမှတ်ခံထားရသူ ၇ ဦးရှိ
September 22, 2022 Popular Journal

ပုသိမ်မြို့နယ်တွင် ညမထွက်ရအမိန့်အား လိုက်နာခြင်းမရှိ၍ ထောင်ဒဏ်တစ်လချမှတ်ခံထားရသူ ၇ ဦးရှိ

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်တွင် ပုဒ်မ ၁၄၄၊ အမိန့်အမှတ်(၅/၂၀၂၂)ဖြင့် ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်အားလိုက်နာခြင်းမရှိ၍ ထောင်ဒဏ် ၁ လချမှတ်ခံထားရသူ ၇ ဦးရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ပုသိမ်မှသိရသည်။

တရားရုံးမှ ထောင်ဒဏ် ၁ လအမိန့်ချမှတ်ခံခဲ့ရသူ ၇ ဦးသည် ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည့် ဇူလိုင် ၂၆ ရက်မှစတင်ကာ စက်တင်ဘာ ၂၁ ရက်အထိ လူဦးရေစာရင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောင်ဒဏ် ၁ လအမိန့်ချမှတ်ခံရသူ ၇ ဦးသည် ထုတ်ပြန်ထားသည့်အမိန့်အားလိုက်နာခြင်းမရှိဘဲ ည ၁၂ နာရီ ကျော်လွန်ကာ လမ်းပေါ်တွင်တက်ရောက်သွားလာခဲ့၍ ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုသိမိမြို့နယ်တွင် လူ ၅ ဦး(သို့) ၅ ဦးထက်ပို၍ လမ်းမကြီးများ၊အများပြည်သူသွားလာရာလမ်း၊လမ်းသွယ်၊လမ်းကြား၊ဥယျာဉ်(သို့)အများပြည်သူနှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်း၊လမ်း လျှောက်ခြင်း၊စီတန်းလှည့်လည်ခြင်း၊ဟောပြောခြင်း၊ဟစ်အော်ကြွေးကြော်ခြင်း၊လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းတို့မပြုရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ပုသိမ်မှထုတ်ပြန်ထားသည်။

အလားတူ ည ၁၂ နာရီမှနံနက် ၄ နာရီအထိ မည် သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ လမ်းများပေါ်သို့ တက်ရောက်သွားလာခြင်းများမပြုရန်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ပုသိမ်မှ အသိပေးထုတ်ပြန်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*