တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးအ​ခြေအ​နေ နှင့် တရုတ် – မြန်မာ – အိန္ဒိယသမုဒ္ဒရာ ပင်လယ်ရေကြောင်း – ကားလမ်း – ရထားလမ်း ပူးတွဲပို့ဆောင်ရေး လမ်းကြောင်းသစ်အ​ခြေအ​နေ

တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးအ​ခြေအ​နေ နှင့် တရုတ် – မြန်မာ – အိန္ဒိယသမုဒ္ဒရာ ပင်လယ်ရေကြောင်း – ကားလမ်း – ရထားလမ်း ပူးတွဲပို့ဆောင်ရေး လမ်းကြောင်းသစ်အ​ခြေအ​နေ
September 22, 2022 Popular Journal

တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးအ​ခြေအ​နေ နှင့် တရုတ် – မြန်မာ – အိန္ဒိယသမုဒ္ဒရာ ပင်လယ်ရေကြောင်း – ကားလမ်း – ရထားလမ်း ပူးတွဲပို့ဆောင်ရေး လမ်းကြောင်းသစ်အ​ခြေအ​နေ

တရုတ် – မြန်မာ နယ်စပ်ဂိတ်များ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေပြီး မကြာမီကာလအတွင်း စိုက်ပျိုးရေးထုတ်ကုန် တစ်သျှူးငှက်ပျောနှင့် အခြား သီးနှံများ ကုန်စည်တင်ပို့နိုင်ရေးလုပ်ငန်းများ စတင်တော့မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံကုန်စည်တင်ပို့မှု ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို ပြည်နယ် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေးတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။

တရုတ် – မြန်မာ နယ်စပ်ဂိတ် တစ်ခုဖြစ်သည့် ကြူကုတ် – ဝမ်တိန် နယ်စပ်ဂိတ်တွင် တရုတ်ဘက်ခြမ်း၌ ကိုဗစ် ၁၉ ကာကွယ်ရေး အစီအမံအနေဖြင့် ကာရံထားသည့် အရံအတားများကို တရုတ်အစိုးရက  ဩဂုတ်လနှောင်းပိုင်းတွင် ပြန်လည်ဖယ်ရှားပစ်ခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်လျက်ရှိကြောင်းလည်း ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

တရုတ် – မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျသည့် နယ်စပ်ဂိတ်များ ဖြစ်သည့် ကျင်စန်းကျော့၊ ချင်းရွှေဟော် ၊ မန်းဝိန်း၊ လွယ်ဂျယ်၊ ကန်ပိုက်တီ ဂိတ်များတွင် ပုံမှန် ကုန်စည် စီးဆင်းမှုများ ရှိနေပြီး စစ်ဆေးမှုများကြောင့် အချိန့်ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ပထမ (၅) လတာကာလအတွင်းမှာ တရု တ် – မြန်မာနယ်စပ် ကုန်သွယ်မှုမှ ရရှိ​ငွေ အမေရိကန် ဒေါ် လာ ၁၀၅၁ ဒသမ ၀၆၁ သန်းသာ ရရှိထားသည့်အတွက်  ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူနှိုင်းယှဉ်ပါက အမေရိက န်ဒေါ်လာ သန်း ၂၅၁ ဒသမ ၉၃၉ ကျော် လျော့နည်းခဲ့ကြောင်း စီးပွားကူးသန်း၏ သတင်းများအရ သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ မဟာဗျူဟာမြောက် စဉ်းစားချက်တစ်ခုဖြစ်သည့် တရုတ် (ယူနန်) – မြန်မာ(ရန်ကုန်) – အိန္ဒိယသမုဒ္ဒရာ ပင်လယ်ရေကြောင်း – ကားလမ်း – ရထားလမ်း ပူးတွဲပို့ဆောင်ရေး လမ်းကြောင်းသစ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် စတင်စမ်းသပ်ပြေးဆွဲခဲ့ပြီး စတင် စမ်းသပ်ချိန်မှ တစ်နှစ်ကျော်အတွင်း ကုန် ပစ္စည်း ပို့ဆောင်မှု (၁၄) ကြိမ်နှင့်  တန်ချိန်ပေါင်း တစ်သောင်းကျော် ပို့ဆောင်ထားကြောင်း တရုတ်သံရုံးက ထု တ်ပြန်ထားသည်။

အဆိုပါ လမ်းကြောင်းသစ်သည် မြန်မာနိုင်ငံကို ကြားခံ၍ တရုတ်နိုင်ငံ၏ အနောက်တောင်ဒေသနှင့် အိန္ဒိယသမုဒ္ဒ ရာအား တိုက်ရိုက်ချိတ်ဆက်ပေးသော မဟာဗျူဟာကျသည့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းကြောင်းတခု ဖြစ်ပြီး ယင်းလမ်းကြောင်းသစ်ကို အသုံးပြု၍ ပို့ဆော င်ခဲ့သည့် ကုန်စည်ပို့ဆောင်မှုတန်ဖိုး ယွမ်သန်း ၂၀၀ ကျော် (အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး) ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၂၂ ခုနှစ်ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ် – မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများမှ တဆင့် ဆန်၊ ဖရဲ၊ ကြံ၊ တစ်သျူးငှက်ပျော ၊ ပဲ၊ ပြောင်းနှင့် အခြား ရုန်ပစ္စည်များ တင်ပို့လျက်ရှိပြီး တရုတ်မှ တဆင့် အခြား အာရှနိုင်ငံများ ၊ ဥရောပနိုင်ငံများသို့ပါ ကုန်ပစ္စည်များ တင်ပို့ပေးနေခြင်း ဖြစ်သည်။

ကိုဗစ် ကပ်ရောဂါ ကာလနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် လျော့ကျမှုများ ရှိခဲ့သော်လည်း  ကချင် ပြည်နယ်အတွင်းရှိ ကန်ပိုက်တီ နှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှု ပုံမှန်အခြေတွင် ရှိနေကြောင်းလည်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*