မရမ်းကုန်းမြို့နယ်တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
188

မရမ်းကုန်းမြို့နယ်တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၏ ရာအိမ်မှူး ကိုဇွဲသူသည် စက်တင်ဘာ ၂၂ ရက် (ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၅၄ မိနစ်ခန့်က အမည်မသိအမျိုးသားများသည် ၃ ရပ်ကွက်၊ကံသာဇေယျုံအပိုင်း၏ ရာအိမ်မှူးကိုဇွဲသူအား အောင်သိဒ္ဓိလမ်းနှင့်ပါမောက္ခလမ်းသွယ်ထိပ်တွင် သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးကိုဇွဲသူသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ရာအိမ်မှူးကိုဇွဲသူအား မဟာမိတ်ညီနောင်များဖြစ်သည့် Myanmar Independence Unit(MIU)၊ Marauder Front Five(MFF)နှင့် Black Shadow Squad(BSS)တို့ပူးပေါင်း၍ ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း Myanmar Independence Unit(MIU)၏ လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရ မိရေးအတွက်လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here